Sunday, June 23, 2013

မိုက်မဲသော မိန်းကလေး အကြောင်း






ဒီလိုနည်းနဲ့ မိန်းကလေးတွေကို မလှည့်စားစေချင်ဘူး မိုက်မဲတဲ့ မိန်းကလေးလို.တော့ မပြော နိင်ပါဘူး၊ လှည့်စားခံလိုက်ရတဲ့ မိန်းကလေးပေါ့၊ ...တကယ်ဖြစ်ရပ်မှန်လေးပါ ဒီအကြောင်းကိုရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘူး ခုသူငယ်ချင်းကရေးပြီးပိုလိုက်ပြီး....ဖတ်ကြည့်လိုက်ကြပါအုံး...


သာမန် တက္ကသိုလ်ကျောင်းသူလေးပါ ကရင်ပြည်နယ်က ရွာလေးတစ်ရွာကပါ .......... ကောင်မလေးကို သူငယ်ချင်းတွေက အင်တာနက်သင်ပေးလိုက်ကြတယ်... အဲဒါနဲ့အွန်လိုင်းမှာ အမေရိကန်က မြန်မာလူမျိုးနဲ့တွေ့တယ် ထုံးစံအတိုင်းဘဲပေါ့ ချစ်သူဖြစ်သွားခဲ့တယ် ၁နှစ်လောက်ကြာတော့ ကောင်လေးက လက်ထက်ခွင့်တောင်းတယ်လေ သူတို့ဓာတ်ပုံတို့ vzoတို့လည်းချက်ဖြစ်တယ် ..... မဆိုးပါဘူးရုပ်ရည်ကတော့၊ပိုက်ဆံကလည်းထောတယ်လေ....... အဲဒါနဲ့ သူ့မိဘတွေကိုပြောပြီးလက်ခံလိုက်တယ်.... လက်ခံပြီးတာနဲ့ မြန်မာနိုင်ငံကသူ အမျိုးတွေနဲ့ စကားတွေပြောပြီး မင်္ဂလာရက်ရွေးတော့တာဘဲ....... ကောင်လေးက နိုင်ငံခြားကနေ


ရန်ကုန်မှာကွန်ဒိုတိုက်ခန်းဝယ်ဖို့၊ကားဝယ်ဖို့ပိုက်ဆံတွေပိုပေးတယ်......... အိမ်အတွက်ပရိဘောဂနဲ့ ခန်းဝင်ပစ္စည်းက ဟိုကနေ သင်္ဘောနဲ့ပို့ပေးတယ် ။ ဖိတ်စာက မြန်မာလိုဆိုတော့ဒီမှာဘဲရိုက်ရတာပေါ့ အဲဒါကိုတောင် ၆ပြန်လောက်လုပ်လိုက်ရတယ်လေ ကောင်လေးကမကြိုက်လို့ဆိုပြီး အပြန်ပြန်ပေါ့


ကုန်ကျစရိတ်အကုန်လုံးကိုသူဘဲတာဝန်ယူသွားတာ။အဲဒီအချိန်တုန်းက ကောင်မလေးကို အရမ်းအားကျနေကြတာပေါ့။ မင်္ဂလာဆောင်ဖို့ ဟော်တယ်ခန်းမကိုလည်းငှါးပြီးပြီ ..... မင်္ဂလာဆောင်မယ့် မနက်မှကောင်လေးက လာမယ်တဲ့.......... အဲ့ဒါနဲ့ မနက်လည်းရောက်ရော လေယာဉ်ကွင်းမှာသွားကြိုတော့ ကောင်မလေးအဲဒီမှာဘဲလန့်ပြီး မေ့လဲသွားခဲ့တယ် ဘာဖြစ်လို့လဲဆိုတော့ ကောင်လေးက.........................................




(ရုပ်ရှင်ကားတွေထဲမှာကြည့်ဖူးကြမှာပေါ့ သုဘရာဇာတွေလို ခါးမှာဘုကြီးနဲ့ ကုန်းနေတယ်လေ)....................ဟင်း.........ဟင်း
vzoချက်တာ မျက်နှာဘဲမြင်ခဲ့တာကိုး ......................" အခုဒီစာကိုဖတ်ကြသော မိတ်ဆွေများ နောက်ကို vzoချက်ရင် ကိုယ်ဟန် လှည့်ပြခိုင်းဖို့ မမေ့ရန် သတိပေးလိုက်ပါတယ်"

0 comments:

Post a Comment