Wednesday, June 5, 2013

သင် မိတ်ဆွေကောင်းနဲ့ တွေ့ ဖူးပြီလား


သင် မိတ်ဆွေကောင်းနဲ့ တွေ့ ဖူးပြီလား

အကောင်းဆုံးမိတ်ဆွေဆိုတာ ကိုယ့် ကို စိတ်ချမ်းသာစေပါတယ်...
ကိုယ့် ရင်ထဲမှာပူလောင်နေတာ ကိုငြိမ်းသတ်ပေးပါတယ်...
မရင့်ကျက်တဲ့စိတ်ကိုရင့်ကျက်စေပါတယ်...
မငြိမ်းတဲ့ မီးကိုငြိမ်းအောင်ပြုပါတယ်...
မသိသေးတဲ့ အတတ်ပညာ ကိုသိအောင်ပြပါတယ်...
သင့်ဘ၀ မှာမိတ်ဆွေကောင်းနဲ့ကြုံတွေ့ ခဲ့ ပြီလားဆိုတာ
သေချာစဉ်းစားပါ...မတွေ့ သေးရင်တွေ့ အောင်ရှာပါ..
မတတ်သေးတာတတ်အောင်သင်ဖို့ ...သင့်အတွက်အကောင်းဆုံးမိတ်ဆွေ
ရအောင် ကြိုးစားပါ...ချမ်းသာခြင်းအစစ်အမှန် ကိုရဖို့ အတွက်
သင့်ကိုအကောင်းဆုံးမိတ်ဆွေ က ကူညီပါလိမ့် မယ်..
မိတ်ဆွေကောင်းကိုပေါင်းသင်းမိခြင်းက

အောက်ပါကောင်းကျိုးတွေ ရပါလိမ့် မယ် ..
၁။သီလ နှင့် ပြည့်စုံခြင်း
၂။(က)အလိုနည်းမှူနှင့်စပ်သောစကား
(ခ)ရောင့်ရဲမှူနှင့်စပ်သောစကား
(ဂ)ဆိပ်ငြိမ်မှူနှင့်စပ်သောစကား
(ဃ)မရောပြွန်းမှူနှင့်စပ်သောစကား
(င)၀ီရီယ အားထုတ်မှူနှင့်စပ်သောစကား
(စ)သီလ နှင့်စပ်သောစကား
(ဆ)သမာဓိနှင့်စပ်သောစကား
(ဇ)ပညာနှင့်စပ်သောစကား
(ဈ)မဂ်ဖိုလ်နိဗ္ဗာန်နှင့်စပ်သောစကား
(ည)ပစ္စဝေက္ခဏာဥာဏ်နှင့်စပ်သောစကား
(ဤကထာဝတ္ထု ဆယ်ပါးတရားစကားကို ကြားနာစဉ်းစားမှုများခြင်း)
၎။အားထုတ်အပ်သောလုံလ၀ီရီယ ရှိခြင်း။
၅။ဥဒယဗ္ဗယဥာဏ်နှင့်ပြည့်စုံခြင်း။
ကဲ့ဒီလိုအချက်တွေ နဲ့ ပြည့်စုံစေဖို့ သင့်ကို သင့်မိတ်ဆွေ က ကူညီဖူးသလား..
သူ့မှာရှိတဲ့  ပစ္စည်းဥစ္စာတွေ ကိုသင်သိအောင် သင် သရေကျအောင်
ထုတ်ကြွားနေတဲ့ သူငယ်ချင်းလား..မမြဲတဲ့ အရာတွေကိုမက်မောပြီး
ယုတ်မာတဲ့အကျင့်ကို ကျင့်တတ်အောင်သင်ပေးနေသလား..
ပေါင်းအပ်သူမဟုတ်မှန်းသိရဲ့  နဲ့ ပေါင်းသင်းပြီး သင့်ကိုယ်သင်ဖျက်ဆီးနေပြီလား
သင့် ဘ၀ အတွက် လောကုတ္တရာအကျိုးများစေဖို့  အားပေးပံ့ပိုးရဲ့ လား ဆိုတာ
သင် သေချာ စဉ်းစားပြီး ပေါင်းဖေါ်ပါတော့....
ယုတ်မာ၍ မပေါင်းသင်းအပ်သောသူနှင့် ပေါင်းဖေါ်မိခြင်းကင်းကြပါစေ
(ကျမ်းကိုး။ ။မဟာဗုဒ္ဓ၀င် စတုတ္ထတွဲ စာမျက်နှာ-၂၀၀ )

0 comments:

Post a Comment