ဈေးကွက်၌ ရောင်းချနေသည့် ကျပ် တစ်ထောင့်ငါးရာတန် ဆင်းကတ် အများစုမှာ ဖုန်းပြောဆို၍ မရသဖြင့် ပြန်လည် လျှောက်ထားမှု များ ပြုလုပ်နေ ရကြောင်း သတင်းရရှိသည်။
ယင်းသို့ ဖြစ်ပေါ်ခဲ့ခြင်းသည် ဒုတိ ယအကြိမ် ဖုန်းများ ချထားပေးသည့် အချိန်မှစတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် ကတ်ပျက်လျှောက်ထားသူ များ များပြားနေသည်ဟု သုံးစွဲသူများထံ မှ သိရသည်။ ”ကျပ်ရှစ်သောင်း ပေးပြီး ဝယ် ထားတာပါ။ အိမ်ရောက်တော့ ကတ်ချိုး ပြီး ငွေဖြည့်မလို့ ဖုန်းဆက်ကြည့်တော့ ဆက်မရဘူး။
တစ်ဆင့်ရောင်းတဲ့လူကို သွားပြောတော့ ဆက်သွယ်ရေးကို သွား လိုက်၊ ဒီလိုဖြစ်တာ ဒီတစ်ကတ်တည်း မဟုတ်ဘူး။ ကတ်တော်တော်များများ ဖြစ်နေပါတယ်” ဟု တာမွေမြို့နယ်မှ ဖုန်းဝယ်ယူထားသူ မမွန်မွန်က ပြော သည်။
ယင်းသို့ ကတ်Error ပြခြင်းမှာ ယခုလ ၁ ရက်နေ့၌ ကတ်ချိုးခဲ့သည့် ဆင်းကတ်အများစုတွင် ဖြစ်ပေါ်နေခဲ့ သည့်အပြင် ရပ်ကွက်ရုံးမှ မဲပေါက်သည့် ဆင်းကတ်အချို့လည်း ပါဝင်နေကြောင်း သိရသည်။ ”မဲပေါက်လို့ ရလာတဲ့ဖုန်းပါ။ ဟန်းဆက်ဝယ်ပြီး ဆက်ကြည့်တော့ ဘယ်လိုမှ ဆက်မရလို့ ရွှေဂုံ တိုင် ဆက် သွယ်ရေးကိုသွားတော့ ဒီမှာမလုပ်ပေး ဘူးဆိုပြီးဗဟိုစာတိုက်ကြီးကို ညွှန်းလိုက် တယ်။ ဟိုရောက်တော့ ကတ်ပျက် လျှောက်တဲ့လူတွေဘာကြောင့်ဖြစ်လဲ စုံစမ်းတော့ ကျွန်မဖြစ်တဲ့ အတိုင်း ဖြစ် နေတာကို တွေ့ရပါတယ်” ဟု မရမ်း ကုန်းမြို့နယ်မှဒေါ်ခင်သန်းနွယ်က ပြော သည်။
ယင်းကိစ္စများနှင့် ပတ်သက်၍မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးမှ အရာရှိတစ်ဦးက
”ထောင့်ငါးရာတန် ဖုန်းများနှင့် ပတ် သက်၍ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် မည့် ဖုန်းနံပါတ် ထုတ်ပြန်ပေးထား ကြောင်း၊ဆက်သွယ်ရေးအနေဖြင့် လက် ရှိ ဖြစ်နေသည့် ကိစ္စများ အား မသိရှိ ကြောင်း၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် ရောင်းချသည့် ဖုန်းများ ဖြစ်ခြင်းကြောင့် ကတ် ပျက် လျှောက်ထားမှုကို ရွှေဂုံတိုင် ရုံးတွင် ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ ဗဟိုစာတိုက်ကြီးတွင်သာ ဆောင်ရွက် ပေးကြောင်း ပြောသည်။
လက်ရှိတွင် ကျပ်ထောင့်ငါးရာ တန် ဖုန်းများကို အစိုးရက ပြည်နယ် နှင့် တိုင်းဒေသကြီး အစီအစဉ်ဖြင့် လစဉ် အလုံးရေ သုံးသိန်းခွဲ ရောင်း ချ ပေး လျက် ရှိကြောင်း၊ ပြင်ပပေါက်ဈေး မှာ ကျပ်ရှစ်သောင်းအထိ ဈေးရှိကြောင်း သိရသည်။
မြ၀တီ

0 comments:
Post a Comment