Friday, June 14, 2013

ဆိုဒါသောက်ခြင်း၏ ဆိုးကျိုးများ


ဆိုဒါကို စွဲနေပါသလား။ ကာဗွန်ထည့်သွင်း ထားတဲ့ ဆိုဒါ ရည် အများကြီး သောက်ခြင်းသည် မက်သမ်ဖက် တမင်း နှင့် ခရက်ကိုကင်း သုံးသလိုပဲ သွားတွေထိခိုက် ပျက်စီး နိုင်ကြောင်း လေ့လာချက်တစ်ခုမှ အံ့ဩဖွယ်ရာ တွေ့ရှိ ခဲ့ပါတယ်။ တရားမဝင် ဆေးဝါး များနှင့် ဆိုဒါကို မဟား တရား စားသောက်ခြင်းတို့က သွားတွေ တစ်စ တစ်စ တိုက်စားခံရသလိုဖြစ်ခြင်းဖြင့် ခံတွင်းကို ထိခိုက်ပျက်စီး စေနိုင်ပါသတဲ့။ အက်စစ်ဓာတ်က သွားများပေါ်ရှိ ကြွေ သွားတွေကိုပါ ထိခိုက်ပျက်စီးစေ ပါတယ်။ ကြွေ သွားလွှာကို ကာကွယ် ထားခြင်းမရှိပါက သွားတွေဟာ ပိုပြီး အပေါက်တွေဖြစ် လွယ်ပါတယ်။ ဒီ့အပြင် သွား အက်ကွဲခြင်း၊ အရောင် မလှဖြစ်ခြင်းတွေ ရှိလာနိုင်ပါ သတဲ့။

မက်သမ်ဖက်တမင်း သုံးခဲ့တဲ့သူ၊ ကိုကင်းကို အကြာကြီးသုံးစွဲတဲ့သူနှင့် ဆိုဒါအလွန်အကျူးသောက်သူ သုံးဦး ၏ သွားနှင့်ခံတွင်းထိခိုက်ပျက်စီးမှုကို လေ့လာနှိုင်းယှဉ်ကြည့်ခဲ့ရာ ထိုသူ အားလုံးမှာ ခံတွင်းကျန်းမာရေး ညံ့ဖျင်း လှကြောင်း တွေ့ခဲ့ရပါတယ်။ အဓိက ကတော့သွားဆရာဝန်ထံ သွားရောက် ပြသခြင်းလည်း မရှိခဲ့ကြပါဘူးတဲ့။ သုတေသီများ တွေ့ရှိတာကတော့ ထိုလူသုံးဦး၏ ခံတွင်းမှာ သွားများ တိုက်စားပျက်စီး မှုမှသည် ထိခိုက်ပျက် စီးမှု အတော်လေးဆိုးဝါးတာကတော့ အတူတူပင်ဖြစ်ကြောင်း တွေ့ခဲ့ကြပါ သတဲ့။ လူတစ်ဦးချင်းစီမှာ ပြင်းထန်ဆိုးဝါးတဲ့ သွားတိုက်စားခံရမှုဟာ အက်စစ် ဓာတ်ပမာဏ မြင့်မားမှု ကြောင့်ဖြစ် ပြီး ၎င်းတို့သုံးစွဲတဲ့ မူးယစ်ဆေးဝါးတွေ အပေါ် မူတည်ပါသတဲ့။

ပုံမှန်နှင့် အစားအသောက်ဆိုဒါ ထဲမှာ ပါလေ့ရှိသော စီးထရစ်အက်စစ် ကလည်း သွားတွေရှိြွေကသွားကို တိုက်စားရာတွင် မြင့်မားတဲ့ အာနိသင် ရှိပါတယ်။ ဆိုဒါအလွန်သောက်တဲ့လူဟာ တစ်နေ့လျှင် Diet Soda ၂ လီတာ နှုန်းဖြင့် ၃ နှစ်မှ ၅ နှစ်ကြာအောင် သောက်သုံးခဲ့သူတွေဖြစ်ပါတယ်။ Diet Soda သောက် တာဟာ သူတို့ရဲ့ ခံတွင်းကျန်းမာရေးကို မထိခိုက်ပါဘူး လို့ ယူဆနေကြသူများအား ဤတွေ့ ရှိချက်က တပ်လှန့်လိုက်ပါပြီ။ တာဝန် ရှိသူများက လူနာများအား ဆိုဒါ အနည်းငယ်သာသောက်ရန်နှင့်၎င်း အစား ရေပိုသောက်ပေးရန် နှိုးဆော် ခဲ့ပါတယ်။ ဆိုဒါသောက်ပြီးပါက ခံတွင်းကို ရေဖြင့် နိုင်နိုင်ဆေး၊ ပလုတ် ကျင်းရန်နှင့် သကြားမပါ ပီကေဝါးပေးရန် အကြံပေးခဲ့ပါတယ်။ ထိုသို့ပြုလုပ် ခြင်းဖြင့် တံတွေးပိုထွက်လာ ကာ အက်စစ်ဓာတ်လျော့ ပါးစေပြီး ခံတွင်း ကို ပုံမှန်ဖြစ်စေ ပါတယ်လို့ ရှင်းပြပါ တယ်။ 

မေ
Good Health 




0 comments:

Post a Comment