မြန်မာနိုင်ငံတွင် မူလတန်းပညာရေးကို အခမဲ့စနစ်ဖြင့် အစိုးရသစ်လက်ထက်တွင် စတင်ကျင့်သုံးခဲ့သလို မူလတန်းကျောင်းသားများအတွက် ကျောင်းသုံးစာအုပ်၊ ဗလာစာ အုပ်နှင့် ငွေကျပ်တစ်ထောင် ကို ထောက်ပံ့နေသည်။
ထို့အပြင် အလယ်တန်းနှင့် အထက်တန်းအဆင့်အတွက် သတ်မှတ်ငွေကြေးကိုသာ ကောက်ခံရန်နှင့် အခြားအလှူငွေနှင့် ဗလာစာအုပ်များ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီး အလှူငွေကောက်ခံနေသောကျောင်းများကို အရေးယူဆောင်ရွက်လျက်ရှိသည်ဟု သတင်းများ တွင် တွေရှိရ သဖြင့် ကျောင်းသား မိဘ များအနေနှင့် အလွန်ပင် ဝမ်းသာ ပိတိဖြစ်ခဲ့ရပါသည်။
သို့ သော်လည်း မကွေးအထက(၄) ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းမြင့်မှာ ခေါင်းစဉ် ပြောင်းကာ အလှူငွေတောင်းခံခဲ့ပါသည်။ မူလတန်းကျောင်းသူကျောင်းသားများအပါအဝင် ကျောင်းသူကျောင်းသားများ မှာ မိမိထိုင်မည့် စာသင်ခုံအတွက် အလှူငွေပေးရပါသည်။ ကျောင်းသူကျောင်းသားများ လွယ်အိပ်ထည့်ရသော ခုံမှာထိုင်လျှင် အလှူငွေ ၂၂၀၀၀/ ကျပ် လွယ်အိပ်ထည့်မရသော ရိုးရိုးခုံမှာထိုင်ချင်လျှင် ၁၇၀၀၀/ ကျပ် အသီးသီး ပေးရပါသည်။ ကျောင်းသားမိဘများမှာ မိမိ သားသမီး မျက်နှာ မငယ်စေရန် ပေးခဲ့ကြရပါသည်။
မူလတန်းကိုပင် ကောင်းမှညံ့ဟု ခွဲခြားမည်ဟုဆိုပြီ အတန်း A,B,C,D ဟု ခွဲထားကာ အတန်း A မှာနေစေချင်လျှင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့် ကို ဆီ တစ်ပုံးနှင့် ပိုက်ဆံပေးကြရပါသည်။ မတတ်နိုင်သော ကျောင်းသူကျောင်းသားများကို နောက်ဆုံးအတန်းမှ ထားပါသည်။ ပိုဆိုးသည်မှာ A ခန်းကိုသာ စာသေချာသင်ကြားပေးပြီး၊ ကျန်အခန်းများကို တစ်နေ့ တစ်ချိန်လောက်သာ သင်ကြားပါသည်။ ထိုကြောင့် စာမသင်သော အခန်းများမှ ကျောင်းသားများက ဆူညံလျင် ကျောင်းအုပ်ကြီးမှာ အတန်းပိုင် ဆရာမ များကို ခေါ်၍ ရိုက်ခိုင်းပါသည်။ ပို၍ ဆိုးလာသော အချက်မှာကျောင်းမှာ စာကောင်းစွာမသင်ပဲကျူရှင်တတ်ရန် ကျောင်းသူကျောင်းသားများထံမှ မိဘ ဖုန်းနံပါတ်များကို တောင်းယူပြီး ဖုန်းဆက်ခါ ကျူရှင်တတ်ခိုင်းစေခြင်းဖြစ်ပါသည်။ မူလတန်း ကျောင်းသူကျောင်းသား တစ်ယောက်ကို ဆရာမ သုံးဦး ပေါင်းသင်ပြီး တစ်လလျင် လခ ခုနှစ်သောင်းကျပ်တောင်းခံခြင်းဖြစ်ပါသည်။ ကျူရှင်မတက်သော ကျောင်းသူကျောင်းသားများကို ခွဲခြားဆက်ခံပါတယ်။ ယခုအခါမှာ မိဘများအနေနှင့်မိမိ သားသမီးမျက်နှာမငယ်ရအောင် ထိုကျူရှင်ဖိုးငွေ ကိုမနည်း ရှာကျန်ခါ ထားပေးနေရပါတယ်။ ထိုကြောင့် မိဘများအနေဖြင့် မည်သည့်နေရာကို တိုင်ကြားရမှန်းမသိ သဖြင့် စာရေးပြီး ပညာရေးဌာန၏ ကြေငြာချက်ကို လက်တစ်လုံးခြားလုပ်ကာ အကျင့်ပျက်လုပ်ဆောင်နေသော မကွေးအထက (၄) ကျောင်းအုပ်ကြီးနဲ့  ဆရာမများကို အမြန်ဆုံးအရေးယူပေးစေလို ကြောင်း ရေးသားပို့ ပေးလိုက်ရပါတယ်။
မကွေးအထက(၄) မှ ကျောင်းသူကျောင်းသားမိဘများ
Update News In Myanmar
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment