မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ဓာတ်သုံးစွဲနိုင်မှု သည် ၁၆ရာခိုင်နှုန်းသာရှိခြင်းကြောင့် အာရှတိုက်ဒေသ အတွင်း လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အနည်းဆုံးအဆင့်သာ ရှိသည်ဟု ကမ္ဘာစီးပွားရေး ဖိုရမ်အရှေ့အာရှ အစည်းအဝေးမှ သိရှိရသည်။
လျှပ်စစ်ဓာတ်အား အချိန်ပြည့် ထုတ်လုပ်ပေးနိုင်မှုမရှိပါက စီးပွားရေးတိုးတက်မလာနိုင်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တိုးချဲ့ခြင်း၊ ဓာတ်အား ဖြန့်ချီရေးလိုင်းများအား စနစ်တကျ တိုးချဲ့ခြင်းနှင့် ကျေးလက်ဒေသများအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် နည်းလမ်း သစ်များအား ရှာဖွေဆောင်ရွက်ခြင်းဖြင့် စီးပွားရေးတိုးတက်လာမှုအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း အစီရင်ခံစာ၌ အကြုံပြုတင်ပြထား သည်။
"အကြုံပြုချက်က မြန်မာနိုင်ငံရဲ့စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်နိုင်ပါတယ်။ မြန်မာ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်လျှောက်လှမ်းရာမှာ စွမ်းအင် ကဏ္ဍအလွန်အရေးကြီးပါတယ်"ဟု စွမ်းအင် ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးက ပြောသည်။
"အကြုံပြုချက်က မြန်မာနိုင်ငံရဲ့စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်နိုင်ပါတယ်။ မြန်မာ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်လျှောက်လှမ်းရာမှာ စွမ်းအင် ကဏ္ဍအလွန်အရေးကြီးပါတယ်"ဟု စွမ်းအင် ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးက ပြောသည်။
အဆိုပါ အကြံပြုချက်တွင် အချက်ပေါင်း (၁၇) ချက်ပါရှိပြီး တိုင်းပြည်၏ စွမ်းအင်စနစ်ဖွံ့ဖြိုးရေး တည်ဆောက်ရာ၌ ပွင်းလင်မြင်သာသည့် အုပ်ချုပ်ရေးစနစ်နှင့် ရည်မှန်းချက်များကို ထိရောက်စွာ စွမ်းဆောင်နိုင်သည့် အဖွဲ့များလိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည့် ရှင်းလင်းတိကျသော မူဘောင်များချမှတ်ထားခြင်းဖြင့် အလွန်ကြီးမားသော စွမ်းအင်စီမံကိန်းများ ဆောင်ရွက်သင့်ကြောင်း သို့မှသာ ပြည်သူလူထု အလွယ်တကူ လက်ခံလာနိုင်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် ပွင့်လင်းမြင်သာမှုများလည်း တိုးတက်လာစေနိုင်ကြောင်း ပါရှိသည်။
"မြန်မာနိုင်ငံက ကမ္ဘာ့စီးပွားရေး နေရာတစ်ခုမှာ ရပ်တည်နိုင်တဲ့ သမိုင်းကြောင်းရှိသော နိုင်ငံဖြစ်ပါတယ်။ စွမ်းအင်ဆိုင်ရာ အစီအစဉ်သစ်တွေ ဆောင်ရွက်ခြင်းအားဖြင့် လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေး ဖွံ့ဖြိုးရေးတိုးတက်မှု ပိုမိုခိုင်မာလာနိုင်တယ်"ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်အဖွဲ့၏ စွမ်းအင်ကဏ္ဍ အကြီးအကဲ အကြီးတန်း ဒါရိုက်တာ မစ္စတာရောဘတိုဘိုက ပြောသည်။
ထို အစီရင်ခံစာကို မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် အစင်ချာကုမ္ပဏီ( Accenture Co. ) တို့ ပူးပေါင်း၍ လေ့လာတိုင်းထွာဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍကအလျင်အမြန်တိုးတက်လာပြီး ဓာတ်အားလိုအပ်ချက်ပြည့်မီဖို့၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ ပူးပေါင်းပြီး လျှပ်စစ်စွမ်းအင်နဲ့ ပတ်သတ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ လိုအပ်တယ်"ဟု အာရှဖွံ့ဖြိုးရေး ဘဏ် ဒု-ဥက္ကဌ မစ္စတာစတီဖင် ဂရော့ဖ်က ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး လောကအတွင်း ပြန်လည်ဝင်ရောက်လာသည် နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းအင် ပိုမိုလိုအပ်လာနိုင်ပြီး စွမ်းအင်လုံလောက်မှုနှင့် စွမ်းအင်ပို့လွှတ်မှုအတွက် အခြေအနေများကို ဖြစ်ထွန်းစေမည့် စွမ်းအင်ဆိုင်ရာ မဟာဗျူဟာ၊ မူဝါဒမူဘောင် အသစ်များပေါ်ထွန်းလာစေရန် ဆောက်ရွက်ရမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် အကြုံပြုထားသည်။
0 comments:
Post a Comment