Friday, June 14, 2013

လိင်ပြောင်းလဲထားသူများ အတွက် နိုင်ငံကူးလက်မှတ် ပြောင်းလဲပေးဖို့ နီပေါတရားရုံးက အမိန့်ထုတ်ပြန်


Photo 
လိင်ပြောင်းလဲထားသူများက သူတို့ကိုယ်သူတို့ “ကျား” သို့မဟုတ် “မ” ဟု ဖော်ပြ သတ်မှတ်ထားမယ်ဆိုရင် နိုင်ငံကူးလက်မှတ် ပတ်စပို့ကိုလည်း အသစ်ပြောင်းလဲထုတ်ပေးဖို့ နီပေါနိုင်ငံ ဗဟိုတရားရုံးချုပ်က အမိန့် ထုတ်ပြန်လိုက်ကြောင်း တရားရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်တာကို လူ့အခွင့် အရေး လှုပ်ရှားဆောင်ရွက်သူများက ကြိုဆိုလိုက်ကြောင်း ဇွန်လ (၁၁) ရက်ဗုဒ္ဓဟူးနေ့ ဘန်ကောက် ပို့စ် သတင်း မှာ ဖော်ပြထားပါတယ်။

ဇွန်လ (၁၀) ရက် တနင်္လာနေ့မှာ အမိန့်ထုတ်ပြန်လိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ လိင်ပြောင်းလဲ ထားသူ တစ်ဦးက သူတို့ကို “ကျား” သို့မဟုတ် “မ” အုပ်စုဝင်ဟု မဖော်ပြလိုဘဲ တတိယအုပ်စုဝင်များအဖြစ် နိုင်ငံကူးလက်မှတ်မှာ ဖော်ပြပေးဖို့ တရားရုံးကို အသနားခံလျှောက်ထားခဲ့ရာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရတနာပုံဘာသာပြန်သတင်း
Ref;ဘန်ကောက်ပို့စ်

0 comments:

Post a Comment