စက်လှေတစ်စင်း မီးလောင်မှုဖြစ်ပွား
နေပြည်တော် ဇွန် ၂၁
ဇွန် ၁၇ ရက်က ရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ ထွက်ခွာလာသော ရွှေဇင်ယော်ဟိန်း စက်လှေ သည် ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် ကျောက်ဖြူမြို့ မရောက်မီ ဇင်ချောင်း၏ အနောက်ဘက် ပင်လယ်ပြင်တွင် အပူချိန် မြင့်တက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားရာသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် သွားရောက်၍ ဒေသခံငါးဖမ်း စက်လှေတို့နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ရာပဲ့နင်း အပါအဝင် ရေ လုပ်သား ၁၉ ဦး၊ ရေယာဉ် အကြုံလိုက်ပါ သူ ၆ ဦး၊ စုစုပေါင်း ၂၅ ဦးအား ညနေ ၃ နာရီ ၂၅ မိနစ်တွင် အန္တရာယ် ကင်းရှင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေမှာ ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်တွင် နစ်မြုပ် သွားခဲ့သည်။
တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ကျောက်ဖြူမြို့သို့ ည ၇ နာရီခွဲတွင် ရောက်ရှိပြီး စက်လှေပေါ်တွင် လိုက်ပါလာ သူများအား ခရိုင်အုပ်ချုပ်ရေး အဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment