ပုသိမ် မြို့  က င၀န် မြစ် အတွင်း မှာ လက်ထိပ် ခတ်လျှက် သား ရေနစ်
သေဆုံး နေတဲ့ မသန်းသန်းအေး ရဲ့  အမှု အတွက် ပုသိမ် ခရိုင် ထဲ က တလက်ကမ်း သင်္ဘောကျင်း ရဲ စခန်း က ဒုရဲအုပ် နိုင်အောင်ကျော် အပါအ၀င် ရဲ ငါးဦး ကို ဖမ်းဆီး လိုက် ပြီ လို့  ပုသိမ် ရဲတပ် ဖွဲ့  မှုး ရုံးက
FNG ကို ပြောပါတယ်။
ဖမ်းဆီးထား သူ ငါး ဦး စလုံး ဟာ ရဲ တပ် ဖွဲ့  ၀င် တွေ ဖြစ် ပြီး မသန်းသန်း
အေး ရဲ့  အမှု ကို ကိုင်တွယ် စစ်ဆေး နေသူ တွေ ဖြစ် ပါတယ်။
ထိန်ချောင် ရွာမှာ နေတဲ့ မသန်းသန်းအေး ဟာ ရွှေ ထည် ပစ္စည်း ပျောက်
ဆုံး မှု အတွက် ဖမ်းဆီးခံ ရ တာ ဖြစ် ပြီး သူမ ရဲ့  ခင် ပွန်း ဖြစ် သူ က လည်း
တလက်ကမ်း ရဲစခန်း ထဲ မှာဖမ်းဆီးခံ ထားရတာ ဖြစ် ပါတယ်။
အဲဒီဒေသ က ရဲ တွေ ဟာ ဖမ်းဆီးလာသူ ကို မြစ် ရေ ၊ ချောင်း ရေ ထဲ
မှာ နှစ် ပြီး စစ်ဆေး မှု လုပ် ရာ က နေ မတော် တဆ ရေစီး နဲ့  ပါသွား
တာ တို့  ရေနစ် သေဆုံး တာ တို့  ဖြစ် တတ် ကျောင်း ပုသိမ် ခရိုင် တရား
ရေး ၀န်ထမ်းဟောင်း တစ်ဦး က FNG ကို ပြောပါတယ်။
ွှဒုရဲ အုပ် နိုင်အောင် ကျော် ဟာ မသန်းသန်းအေး နဲ့  ပတ်သက် ပြီး ရဲတပ်
ဖွဲ့  မှုး ရုံး ကို အစီရင်ခံ ရာ မှာ တရားခံ ကို ဖမ်းမိ နိုင် ခဲ့ ခြင်း မရှိ ဘူး လို့ 
သတင်း ပို့ ထား ပါတယ်။
နောက် တော့ င၀န် မြစ် ထဲ မှာ လက် ထိပ် တန်းလန်း နဲ့  အလောင်း
ပေါ် နေတာ ဖြစ်ပါတယ်။
0 comments:
Post a Comment