Thursday, June 13, 2013

ဂျာမန် ဘွန်ဒက်စ်လီဂါ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဘေယန် ကွင်းလယ်လူ ဖရန့်ရီဘာရီ ရရှိ

ဘေယန်မြူးနစ် အသင်း၏ ကွင်းလယ် ဖန်တီးရှင် ဖရန့်ရီဘာရီသည် ဂျာမန် ဘွန်ဒက်စ်လီဂါတွင် တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် မဲပေး ရွေးချယ် ခံခဲ့ရကြောင်း၊ ဂျာမနီ အားကစားမဂ္ဂဇင်း Kicker တွင် ဇွန်

၁ဝ ရက်က ဖော်ပြထားသည်။ အဆိုပါ ပြင်သစ် ကစားသမားသည် ဘွန်ဒက်စ်လီဂါ ကစားသမား ၂၂၈ ဦး ၏ မဲပေးမှုတွင် ၂၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒေါ့မွန် တိုက်စစ်မှူး   ရောဘတ်လီဝင် ဒေါ့စကီးမှာ ၁၇ ဒသမ ၃ ရာခိုင်နှုန်း ရရှိကာ ဒုတိယနေရာ၌ ရှိခဲ့သလို ဂျာမနီ လက်ရွေးစင် ကစားသမား ဘတ်စတိန်း ရှဝိန်းစတိန်ဂါမှာမူ ၁၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တတိယ နေရာ၌ ရပ်တည် နေခဲ့ကြောင်း သိရသည်။ ဘေယန် ဂိုးသမားတစ်ဦး ဖြစ်သလို ဂျာမနီ လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်သော မန်နျူရယ် နူရာမှာမူ ၂၃ ဒသမ ၂ ရာခိုင်နှုန်းဖြင့် တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒေါ့မွန် ဂိုးသမား ရိုမန်ဝိုင်ဒန် ဖယ်လာမှာမူ ၂ဝ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဟမ်းဘတ် ဂိုးသမား ရီနီအက်ဒ်လာမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း  အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ 

0 comments:

Post a Comment