Wednesday, June 5, 2013

ကျောင်းစဖွင့်သောနေ့၌ ရေစကြိုအထက်တန်းကျောင်းခွဲ ဝရန်တာပြိုကျ၊ ၁ဝ ဦး ဒဏ်ရာရ

ရေစကြိုမြို့နယ်ရှိ အထက်တန်း ကျောင်းခွဲတစ်ခုတွင် ဝရန်တာပြို ကျမှု ကြောင့်ကျောင်းသား ၁ဝဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ တာဝန်ရှိသူကပြောသည်။
...
အခြေခံပညာကျောင်းများ စတင်ဖွင့်သည့် ဇွန်လ ၃ ရက်နေ့၌ ရွှေလှန်ကျေး ရွာ အထက ကျောင်းခွဲ ကျောင်းတွင်အပေါ်ထပ်ဝရန်တာ ပြိုကျ ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး ကျောင်းဆောင်ဖြစ်သည့် အဆိုပါ ကျောင်း ဝရန်တာပြိုကျခြင်းကြောင့် ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦး နှင့် ကျောင်းသားမိဘတစ်ဦးတို့ကို ရေစကြိုမြို့နယ်ဆေးရုံသို့ပို့လိုက်ရသည်။
ကျန် ကျောင်းသား၊ ကျောင်းသူ ၉ ဦးကို ရွှေလှန်ကျေးလက်ကျန်းမာရေး ဌာနတွင်ပင် စောင့်ရှောက်လိုက်ရသည် ဟု ရဲတပ်ဖွဲ့က ကြေညာထား သည်။

ရေစကြိုမြို့နယ် ဆေးရုံအုပ် ဒေါက်တာနေဝင်းက ”စိုးရိမ်ရတဲ့ အနေ အထားမရှိပါဘူး။ အခုဆေးရုံမှာ ကျောင်းသားတစ်ဦးပဲ ရှိပါတော့တယ်။ ကျန် သုံးဦးက အပြင်လူနာအဖြစ်နဲ့ ဆေးရုံကဆင်းသွားပါပြီဟု ပြောသည်။

ကျောင်းဝရန်တာပြိုကျမှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသား မိဘတစ်ဦးမှာ အရိုးအက်သွားခြင်း၊ ကျိုးခြင်းတို့ဖြစ်ပွားပြီး ကျောက် ပတ်တီး ကိုင်ကာ ဆေးရုံတက်ဖို့ မလို သဖြင့် ဆင်းခိုင်းလိုက်သည်ဟု ဒေါက်တာနေ ဝင်းက ပြောသည်။

ယင်းကျောင်းဝရန်တာမှာ ခြစား၍ ဆွေးမြည့်နေမှုကြောင့် ပြိုကျခြင်းဖြစ်ေ ကြာင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ရေစကြိုမြို့နယ် ပညာရေးမှူးရုံးက ”အခုကျောင်းကိစ္စ အတွက် ရုံးချုပ်နဲ့တိုက်ရိုက် ဆက်သွယ် ပြီး လုပ်ေ ဆာင်နေပါပြီ။ ဆရာမကြီး ကိုယ်တိုင်ဒဏ်ရာရနေတဲ့ ကလေး တွေ ဆီ ထောက် ပံ့မှုတွေ လုပ်နေပါပြီ”ဟု ပြောသည်။ ရွှေလှန်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် ကျောင်း သား၊ ကျောင်းသူသူစုစုပေါင်း ၆ဝဝ ဦးခန့် ပညာ သင်ကြားလျက်ရှိသည်။


Popular Myanmar News Journal

0 comments:

Post a Comment