Wednesday, June 12, 2013

ဖုန်းဟန်းဆက်များနှင့်မသင်္ကာတွေ့ရှိသူအား စစ်ဆေးရာမှ ခိုးမှု (၃)မှုဖော်ထုတ်အရေးယူ

Tuesday, June 11, 2013

၃.၆.၂၀၁၃ ရက်နေ့တွင် ကျောက်တံတားမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မြို့တော်ခန်းမရှေ့
ကားမှတ်တိုင်တွင် လက်ကိုင်ဖုန်း (၆)လုံး၊ ငွေ ၂၅၀၀၀ိ/- ကျပ် နှင့်အတူ မသင်္ကာတွေ့ရှိသူ ချမ်းမြေ့အောင်၊ (၂၂)နှစ်၊ ထနီးကျေးရွာ၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအားဖမ်းဆီးစစ်ဆေး ဖေါ်ထုတ်ခဲ့ရာ ၎င်းသည် ဒဂုံမြောက်မြို့မရဲစခန်း (ပ) ၆၀၀/၂၀၁၂၊ ပုဒ်မ ၄၅၇/၃၈၀ အမှုဖြင့် ထောင် (၃)နှစ်ကျခဲ့ရာ ကျိုက်ဇကော ရဲဘက်စန်းမှ ထွက်ပြေးလာသူဖြစ်ပြီး ၂.၆.၂၀၁၃ ရက်နေ့တွင် ဒဂုံမြောက်မြို့နယ် ပင်လုံ ဆေးရုံအနောက်ဖက် ဖုန်းဆိုင်အတွင်းမှ လက်ကိုင်ဖုန်း (၂၉)လုံးခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဒဂုံမြောက်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားရှိသည့် (ပ) ၃၁၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အမှုအား ဖော်ထုတ်နိုင်ခဲ့ပါသည်။

၎င်းအပြင် ဒဂုံမြောက်မြို့နယ် (၃၂) ရပ်ကွက်ရှိ ဒေါ်အေးမြင့် စတိုးဆိုင်မှ အ၀တ်အထည် (၁၀)စုံအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မရဲစခန်း (ပ)၃၁၉/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ (၂၆) ရပ်ကွက်ရှိ Today စတိုးဆိုင်မှ ဟန်းဆက်၊ ဖုန်းငွေဖြည့်ကဒ်၊ DVD စက်တို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မရဲစခန်း (ပ) ၃၂၀/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ စိန်တစ်လုံးကုန်စုံဆိုင်မှ စီးကရက်ပါကင်ဗူးများနှင့် ကော်ဖီမစ်ပါကင်ထုတ် များအား ခိုးယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မရဲခစန်း (ပ) ၃၂၁/၂၀၁၃၊
ပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

0 comments:

Post a Comment