ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Salman bin Abdulaziz al Saud တို့သည် နိုင် ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အရာရှိများ ပါဝင်သည့် အပြန်အလှန် လုံခြုံရေး ဆွေးနွေးပွဲ များ စတင်ကျင်းပသွားရန် သဘောတူခဲ့ကြကြောင်း သိရှိရ ပါသည်။
ထို့ပြင် ကြီးမားကျယ်ပြန့်သော ကဏ္ဍ များ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ အားကောင်း လာစေရေး ဆောင်ရွက်သွားရန်ကိုလည်း ၎င်းတို့က သဘောတူခဲ့ကြပါသည်။ ရှင်ဇိုအာဘေးနှင့် ဆော်ဒီ ဒုတိယဝန်ကြီး ချုပ်လည်း ဖြစ်သော အိမ်ရှေ့မင်းသား Salman တို့သည် ဆော်ဒီအာရေဗျ နိုင်ငံ၌ ဆွေးနွေးပွဲ များ ပြုလုပ် ကျင်းပခဲ့ကြပါသည်။ ဂျပန်ဝန်ကြီးချုပ်သည် ၎င်း၏ ၄ နိုင်ငံ ခရီးစဉ်အတွင်းမှ ဒုတိယမြောက် နိုင် ငံဖြစ်သော ဆော်ဒီအာရေဗျ နိုင်ငံသို့ ရုရှားနိုင်ငံမှ တစ်ဆင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ စွမ်းအင်ကဏ္ဍတွင် ဂျပန်နှင့် ဆော်ဒီနိုင်ငံ အကြား ပူးပေါင်းဆောင် ရွက်ရေး ကိစ္စရပ်အား ကန့်သတ်မှု မပြုလုပ်သင့်ကြောင်း၊ ထို့ပြင် နိုင် ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရေးများ ချဲ့ထွင် ဆောင်ရွက်သွားနိုင်လိမ့် မည်ဟု မျှော်လင့်ထားကြောင်း အဆိုပါ ဆွေးနွေးပွဲ များ အတွင်း၌ ရှင်ဇိုအာဘေးက ပြောကြားခဲ့ ပါသည်။
Friday, May 3, 2013
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Salman bin Abdulaziz al Saud တို့သည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အရာရှိများ ပါဝင်သည့် ဆွေးနွေးပွဲများ စတင်ကျင်းပသွားရန် သဘောတူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment