Friday, May 3, 2013

လတ်တလောအချိန်တွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ရုရှားရေတပ်၏ ရေငုပ်သင်္ဘော ၃ စီးသည် ၂ဝ၁၄ ခုနှစ် အတွင်းတွင် လုပ်ငန်းတာဝန်များအား ပြန်လည် ထမ်းဆောင်လိမ့်မည်



ယခုလတ် တလောအချိန်တွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ရုရှားရေတပ်၏ ရေငုပ် သင်္ဘော ၃ စီးသည်

၂ဝ၁၄ ခုနှစ် အတွင်းတွင် လုပ်ငန်းတာဝန်များအား ပြန်လည် ထမ်းဆောင် လိမ့်မည် ဖြစ်ကြောင်း ရေတပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။ ၂ဝ၁၁ ခုနှစ် ကတည်းက ပြန်လည်ပြုပြင်မှု များ ဆောင်ရွက်လျက်ရှိသော ခရုစ်ဒုံးပျံတင် K-410 Smolensk ရေငုပ် သင်္ဘောသည် မြောက်ပိုင်း ရေယာဉ်စုတွင် လုပ်ငန်းတာဝန်များအား ပြန်လည်ထမ်းဆောင်လိမ့်မည် ဖြစ်ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ နျူက လီးယား ဓာတ်ပေါင်းဖို၏ အအေးပေးစနစ် ချို့ယွင်းမှု ပြဿနာကြောင့် ၂ဝ၁ဝ ပြည့်နှစ်တွင် လွန်းတင်ထားခဲ့သော ခရုစ် ဒုံးပျံတင် K-150 Tomsk ရေငုပ် သင်္ဘောနှင့် ၂ဝ၁ဝ ပြည့်နှစ် ကတည်းက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသော K-419 Kuzbass တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတို့မှာ ပစိဖိတ် ရေယာဉ်စုတွင် ၎င်းတို့၏ လုပ်ငန်း တာဝန်များအား ပြန်လည် ထမ်းဆောင်လိမ့်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment