(7.5.2013, Tuesday)
မြန်မာနိုင်ငံ၏လက်ရှိဆောင်ရွက်သောNationalComprehensiveDevelopmentPlan၏စီမံကိန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများပါဝင်လုပ်ကိုင် ရန်ဖိတ်ခေါ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။ မေလ (၆)ရက်နေ့က Tradersဟိုတယ်၌ ကျင်းပသော Myanmar Urban Development Conference2013 ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိဆောင်ရွက်နေတဲ့ National Comprehensive Development Planကနိုင်ငံတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထည့်သွင်းရေးဆွဲတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ မြို့ပြဖွံ့ဖြိုးမှုကဏ္ဍဟာလည်း များစွာဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ တိုင်းပြည်မြန်မြန် ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတွင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေမှာ ပါဝင်ဖို့ နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်လိုပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အရေးအနေဖြင့် အထူးစီးပွားဇုန်၏ အကောက်ခွန်လွတ်ငြိမ်းသက်သာခွင့် အစရှိသော ဥပဒေများလည်း ဆွဲဆောင်မှုတစ်ရပ်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံ Sphere Conferences ၏ ဥက္ကဋ္ဌပြောကြားချက်အရ သိရသည်။

0 comments:
Post a Comment