Tuesday, May 7, 2013

ပြင်သစ်အစိုးရ၏ လိင်တူချင်း လက်ထပ်မှုအား ထောက်ခံခဲ့မှု အပေါ် ဆန့်ကျင်ကန့်ကွက်

ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ပြင်သစ်သမ္မတ ဖရန်ကို့စ်ဟော်လန်ဒီမှ လိင်တူချင်း လက်ထပ်ခြင်းကို ထောက်ခံခဲ့မှုနှင့် စီးပွားရေး ကျဆင်းမှုတို့ကြောင့် သမ္မတအား မေလ ၅ ရက်နေ့တွင် ဆန္ဒပြခဲ့ ကြပါသည်။

ကွန်မြူနစ်ကျောထောက် နောက်ခံ လက်ဝဲအုပ်စု ဦးဆောင်သော ဆန္ဒပြသူ ၁ဝဝ,ဝဝဝ ခန့်သည် ပြင်သစ် တော်လှန်ရေး တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော Bastille ရင်ပြင်တွင် စုစည်း ခဲ့ကြပြီး သမ္မတ ဟော်လန်ဒီ၏ တစ်နှစ်ပြည့် တာဝန် ထမ်းဆောင်မှု အထိမ်းအမှတ်နေ့ အဖြစ် ဆန္ဒပြ ခဲ့ကြခြင်း ဖြစ်ပါသည်။

ပြင်သစ်သမ္မတ ဟော်လန်ဒီသည် ၂ဝ၁၂ ခုနှစ် မေလ ၆ ရက်နေ့က လင်္ကျာနိုင်ငံရေး သမား နီကိုလပ် ဆာကိုဇီကို အနိုင် ရရှိကာ သမ္မတ ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ ဆန္ဒပြသူ အများစုသည် ပြင်သစ် အစိုးရ၏ လိင်တူချင်း လက်ထပ်မှုအား ထောက်ခံခဲ့မှု အပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ပဲရစ်မြို့နှင့် အခြားမြို့ကြီး များတွင် ဆန္ဒပြသွားကြရန် စီစဉ် ထားကြခြင်း ဖြစ်ကြောင်းနှင့် သမ္မတ အား ထောက်ခံခဲ့သူ အများစုသည်လည်း နိုင်ငံ၏ စီးပွားရေး ကျဆင်းနေမှုနှင့် အလုပ်လက်မဲ့နှုန်းများ မြင့်တက်နေမှု တို့အတွက် ဒေါသထွက်လျက်ရှိကြောင်း သိရှိရပါသည်။


0 comments:

Post a Comment