Monday, May 13, 2013

တန်ဖိုးနည်း CDMA -800 MHz ဖုန်း အတွက် Huawei ဟန်းဆက် ရောင်းအား အကောင်းဆုံး ဖြစ်နေ

ငွေကျပ် ၁၅ဝဝ တန် မိုဘိုင်းလ် ဖုန်းလိုင်းများဖြစ်သည့် CDMA-800MHz ဖုန်းကတ်များ ရောင်းချပေးနေသည့် အတွက် ဟန်းဆက် ဈေးကွက်အတွင်း CDMA-800MHz ဟန်းဆက်များ သိသိသာသာ ဝင်ရောက်လျက် ရှိသည်ဟု ရန်ကုန် ဟန်းဆက် အရောင်းဆိုင် ဈေးကွက်အတွင်းမှ သိရသည်။ ငွေကျပ် ၁၅ဝဝ တန် မိုဘိုင်းလ် ဖုန်း CDMA-800MHz ဟန်းဆက်များမှာ နယ်ဒေသများမှ အများဆုံး ဝယ်ယူမှု ရှိသည်ဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ မေလ နောက်ဆုံးပတ် အတွင်း ငွေကျပ် ၁၅ဝဝ တန် CDMA-800MHz မိုဘိုင်းလ်လိုင်း ကတ် သုံးသိန်းခွဲ ထပ်မံ ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် ရောင်းအား အများဆုံး ဖြစ်နေသော ဟန်းဆက် အမျိုးအစားမှာ Huawei ဖြစ်နေပြီး နယ်ဒေသ များတွင် Huawei KeyPad များ အများဆုံး ရောင်းချနေရသည်ဟု သိရသည်။

CDMA-800MHz လိုင်းအသုံးပြုနိုင်သော ဟန်းဆက်များမှာ Huawei Honor 2 တစ်လုံးလျှင် ငွေကျပ် ၂၆ဝဝဝဝ၊ G510 တစ်လုံးလျှင် ငွေကျပ် ၁၃ဝဝဝဝ၊ U882 တစ်လုံးလျှင် ငွေကျပ် ၁၃၅ဝဝဝ၊ C8813d (GSM+800) တစ်လုံးလျှင် ငွေကျပ် ၁၅ဝဝဝဝ၊ C881 တစ်လုံးလျှင် ငွေကျပ် ၁၂၅ဝဝဝ၊ Y300 တစ်လုံးလျှင် ငွေကျပ် ၁ဝဝဝဝဝ Y210c (GSM+800) တစ်လုံးလျှင် ငွေကျပ် ၈ဝဝဝဝ၊ U8652 တစ်လုံးလျှင် ငွေကျပ် ၇ဝဝဝဝ၊ Y220 တစ်လုံးလျှင် ငွေကျပ် ၅၆ဝဝဝ ဈေး ရှိသည်ဟု ဈေးကွက် အတွင်းမှ သိရသည်။


0 comments:

Post a Comment