ယခုရာသီ ပထမ ၃လတာအတွက် နယူးယောခ့်စတော့ဈေးကွက်မှ ထုတ်ပြန်သော မန်ယူအသင်း၏
အမြတ်ငွေမှာ ပေါင် ၉၁.၇သန်းထိရှိခဲ့သည်။ ယခုကဲ့သို့ အမြတ်ငွေတိုးတက်လာရာတွင် စပွန်ဆာ ၀င်ငွေများမှာ အဓိကကျခဲ့ပြီး ၅၂.၂ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ပထမ ၃လတာ ၀င်ငွေမှာလည်း ယခင်နှစ်ကထက် ၂၇.၉ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။
ယခုဘဏ္ဍာရေးနှစ်အတွက် လက်ကျန် ၉လလိုသေးသော်လည်း မန်ယူ၏ရုပ်သံထုတ်လွှင့်မှုဝင်ငွေမှာ ယခင်နှစ်ကထက် ၂၁.၇ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကွင်းဝင်ကြေးမှာလည်း ၃၄ရာခိုင်နှုန်းပိုများခဲ့သည်။ သို့သော် မန်ယူသည် ကာဂါဝါ၊ ဗန်ပါစီစသည့် ကစားသမားများကို ပေးချေရသော လစာငွေ ကြောင့် ယခင်နှစ်ရာသီ လစာပေးချေမှုထက် ၂၅.၁ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် လစာငွေပေးချေမှု လျှော့ချရန်စီစဉ်နေပြီး လာမည့်အပြောင်းအရွှေ့ကာလတွင် လစာငွေမြင့်မားသည့် နာမည်ကျော်ကစားသမားများ ခေါ်ယူမည်မဟုတ်ဟု မန်ယူအမှုဆောင်ချုပ် သစ် ပက်ဝုဒ်မှ ဆိုသည်။ သို့သော် ၎င်းတို့မှာ ဘဏ္ဍာရေးနှစ်တစ်ခုလုံးအတွက် ပေါင်သန်း ၃၆၀ ရရှိရန်မျှော်မှန်းထားပြီး မန်ယူအနေဖြင့် ပေါင် ၃၆၇.၆သန်း ကြွှေးဆပ်ရန် ကျန်ရှိနေသည်။
Friday, May 3, 2013
ဘဏ္ဍာရေးနှစ်မကုန်မီ မန်ယူ၏အမြတ်ငွေ ပေါင် ၉၁.၇သန်းထိရှိနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment