ရန်ကုန် ၂၅ ရက်
ယနေ့ နံနက် ၉ နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် ၊ ရှင်စောပု ရပ်ကွက် ၊ ရှင်စောပုလမ်း ခြံအမှတ် ( ၁ )အတွင်းမှ ၂ ထပ်တိုက် တစ်ခုအား ဆောက်လုပ်ရေးလုပ်သားများမှ ဖြိုဖျက်စဉ် တိုက်ပြိုကျ မှု ဖြစ်ပွားရာ အမျိုးသား ၃ ဦး သေဆုံး၍ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာန တို့မှ သိရသည်။
အဆိုပါတိုက်အား အင်ဂျင်နီယာ ဦးအေးသိန်းမှ တာဝန်ယူပြီး အလုပ်သမား ခေါင်းဆောင် ကိုဝင်းညို နှင့်အဖွဲ့မှ ၄င်းနေ့ နံနက် ပိုင်းတွင် ဖြိုဖျက်နေစဉ် အလုပ်သမား ထွန်းလွင်ဖြိုးမှ အပေါ်ထပ် ခေါင်းရင်း ၀ရံတာ ရှိ လက်ရန်းတန်းအား သံဖြတ်လွှဖြင့် ဖြတ်ချရာ ၄င်းအပေါ်ရှိ ဆန်းရှိတ်မှာ ၀ိတ်မနိုင်ဘဲ ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တိုက်ပြိုကျမှု တွင် သွားရောက်ကယ်ဆယ်ခဲ့သည့် စမ်းချောင်း မီးသတ်မှ မီးသတ် အရာရှိတစ်ဦးက ပြောသည်။
ထိုသို့ ပြိုကျမှုကြောင့် ထွန်းလွင်ဖြိုး မှာ နေရာ၌ သေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာ ရ အလုပ်သမားများဖြစ်သည့် ရှိန်းကို ( ၂၀ )နှစ် ၊ မိုးကျော်သူ ( ၂၇ )နှစ် နှင့် သီဟ ( ၃၈ )နှစ်တို့အား သက်ဆိုင်ရာ မှ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၊ ဆေးရုံသို့ ရောက်ပြီးမကြာမီ၌ ရှိန်းကို နှင့်မိုးကျော်သူ တို့မှာ ထပ်မံသေဆုံးသွားခဲ့ကြောင်းသိရသည်။

0 comments:
Post a Comment