(25.5.2013,Saturday)
General Electric (GE) ၏ မြန်မာပြည်ရုံးခွဲဖွင့်လှစ်ခြင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တွင် GE နှင့် စင်္ကာပူအခြေစိုက် Krislite Pte Ltd ၏ပစ္စည်း များကို ရောင်းခွင့်ရရှိထားသော Lighting Co Specialist Pte Ltd တို့သည် မြန်မာနိုင်ငံအတွင်း GE ၏အလင်းစွမ်းအင်ပိုမိုအသုံးချနိုင်မည့် နည်းပညာများကို တွင်ကျယ်စွာထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် အတွက် သဘောတူစာချုပ်ရေးထိုးခြင်းတို့ကို မေလ(၂၂)ရက်နေ့က ကျင်းပခဲ့ကြောင်း ၎င်းအတွက်ပြုလုပ်သောသတင်း စာရှင်းလင်းပွဲက သိရသည်။GE ၏အလင်း စွမ်းအင်ပိုမိုရရှိစေရေးနည်းပညာများတွင် LED အချက်ပြမီး၊ဗိသုကာ ဆိုင်ရာလုပ်ငန်း သုံးမီး၊မော်တော်ယာဉ်သုံးမီး၊သရုတ်ပြရာတွင် သုံးသည့် မီးများနှင့် အထွေထွေမီးများ ပါဝင်ကြောင်း၊ထို့အပြင် GE သည်လေယာဉ် များနှင့် သယ်ယူပို့ဆောင် ရေးကဏ္ဍများတွင် သုံးသော မီး၊ဆေးကုသမှု လုပ်ငန်းမီးနှင့် ဖျော်ဖြေရေးရုပ်ရှင်ရုံများတွင် သုံးသော မီးများလည်းထုတ် လုပ်ကြောင်းသိရသည်။ပြည်တွင်းဆက်သွယ်ရေးကဏ္ဍများတွင် တန်းဖိုး မြှင့်နိုင်ရန်အတွက် GE Durathon Storge နည်းပညာများကိုဈေးကွက် အတွင်းယူဆောင်လာရန် ရည်ရွယ်ကာ ပြည်တွင်းရှိ အဆင်မြင့်နည်းပညာ သုံးစီးပွားဖက်အဖွဲ့အစည်းများနှင့် သဘောတူစာချုပ်ရေးထိုးခြင်း ဖြစ်ကြောင်း သိရသည်။GE Asean ၏ အမှုဆောင်အရာရှိချုပ် Stuart Dean က“ပြည်ပ ပိတ်ဆို့မှုတွေကိုလျှော့ပေါ့ပေးလိုက်တဲ့မနှစ်ကစပြီးကျွန်တော်တို့ဒီနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်ကိုဝင်ရောက်လာတာဟာစီးပွား
ရေးပြုပြင်ပြောင်းလဲမှုတွေမှာတိုးတက်အောင်ဆောင်ရွက်နေတဲ့တိုင်းပြည် တစ်ခုကိုကူညီ အားပေးတဲ့ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်”လို့ပြောကြား သည်။ အာဆီယံဒေသများတွင် GE ကုမ္ပဏီကလုပ်ငန်းများ ဆောင်ရွက် နေခြင်းသည် နှစ်ပေါင်း(၁၀၀)ကျော်ရှိနေခဲ့ပြီဖြစ်ပြီး၊ယခုနောက်ဆုံးတိုးချဲ့
လိုက်သော မြန်မာနိုင်ငံရှိ လုပ်ငန်းများ အပါအဝင်နိုင်ငံပေါင်း(၉)နိုင်ငံတွင် ဝန်ထမ်း ပေါင်း(၇၅၀၀)ကျော်နှင့် လုပ်ငန်းလုပ်ဆောင်နေပြီးနှစ်စဉ်အမြတ်ငွေ ပမာဏဒေါ်လာ(၃)ဘီလီယံကျော်ဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment