ရန်ကုန် မေ ၂၅
ကရင် ၊ မွန် နှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးလမ်းများအပါအ၀င် ခရိုင်နှင့် မြို့နယ် ချင်းဆက် လမ်းများ အဆင့်မြှင့် တင်ရေးအတွက် JICA မှ အခမဲ့အကူအညီပေးရန် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ များနှင့် ညှိနှိုင်းပြီး ဖြစ်သော်လည်း စီမံကိန်းအား စတင်ရန် ကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း JICA မှ လမ်းပန်းဆက်သွယ်ရေးတာဝန်ခံ ဦးမင်းမင်း ကပြောသည်။
ဒီနှစ်ထဲမှာပဲ မွန် ၊ ကရင် နှင့် တနင်္သာရီ လမ်းပိုင်းတွေ ကို ဒေသဖွံ့ဖြိုးရေးအတွက် အဆင့်မြှင့်တင်ဖို့ သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ညှိနှိုင်းပြီးဖြစ်တဲ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုလည်း မနှစ်တည်းက ကြိုတင် တင်ပြပြီးပြီ။ဒါပေမယ့် စီမံကိန်းတွေစတင်ဖို့အတွက်ကို အစိုးရ အောက်ခြေမှာ ၀န်ထမ်း တွေက ဟိုလွှဲ ၊ ဒီလွှဲ နဲ့ကြန့်ကြာမှု တွေရှိနေလို့ အခုထိ မစနိုင် သေးဘူးဟု ဆိုသည်။
အဆိုပါလမ်းများ အဆင့်မြှင့်တင်ရေး နှင့် ၄င်းဒေသများရှိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဂျပန်အစိုးရ ၏ ထောက်ပံ့မှုဖြင့် JICA မှ တာဝန်ယူဆောင်ရွက်ပေးနေရခြင်း ဖြစ်ပြီး မည်သည့် အတွက်ကြောင့် ကြန့်ကြာမှုများ ဖြစ်နေရသည်ကို သက်ဆိုင်ရာ အထက်အဖွဲ့အစည်းများမှ ကြားဝင် ဆောင်ရွက်ပေးရန် နှင့် ကူညီဖြေရှင်းပေးရန် လိုကြောင်း ၄င်းက ထပ်မံပြောသည်။
သူရထွန်း
0 comments:
Post a Comment