နေပြည်တော်တွင် ဆိုင်ကယ်သက်တမ်းတိုးမြှင့်ခြင်းအား ဇွန်လတွင် ဆောင်ရွက်သွားမည်
Thursday, May 16, 2013
နေပြည်တော် ကောင်စီ နယ်မြေ အတွင်းတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နှင့် ယာဉ်မောင်း လိုင်စင်များ သက်တမ်း တိုးခြင်း များကို လာမည့် ဇွန်လတွင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က မန္တလေးတိုင်း ဒေသကြီးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒေသခံ ပြည်သူ များမှ ''ဆိုင်ကယ် လိုင်စင် သက်တမ်း ကိစ္စနှင့် မြို့နယ်များ အလိုက် သက်တမ်း တိုးပေးရန် ကိစ္စ''တင်ပြခဲ့ရာ ပြည်သူ တို့၏ ဆန္ဒကို အကောင် အထည် ဖော်သည့် အနေဖြင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ မြို့နယ် များသို့ ၂ဝ၁၃ ခုနှစ် အတွင်း လအလိုက် သက်တမ်း တိုးပေး နိုင်ရန် နယ်လှည့် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး နေပြည်တော် ကောင်စီ နယ်မြေ လယ်ဝေး မြို့တွင် ယခု လာမည့် ဇွန်လ အတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်း လိုင်စင်များ သက်တမ်း တိုးခြင်း ဆောင်ရွက် ပေးမည်ဖြစ်သည်။ သက်တမ်း တိုးမြှင့် လိုသူများ အနေဖြင့် လိုအပ်သော အချက် အ လက် များကို ကြိုတင် စုဆောင်းထားရန် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နှိုးဆော် ထားကြောင်း သတင်းရရှိသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း သြဂုတ်လတွင် တပ်ကုန်းမြို့၊ အောက်တို ဘာလတွင် လယ်ဝေးမြို့၊ ဒီဇင်ဘာလတွင် တပ်ကုန်းမြို့စသည်ဖြင့် အလှည့်ကျ လှည့်လည် ဆောင်ရွက် သွား မည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment