ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မောတောင်နယ်စပ်စခန်းဖွင့် လှစ်နိုင်ရေးအတွက် မေလ (၂) ရက် နံနက် (၁၀)နာရီတွင် မောတောင်နယ်စပ်စခန်းရုံး အစည်းအဝေးခန်းမတွင် မောတောင်ကျေးရွာပြည်သူများ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ မောတောင်နယ်စပ်စခန်းတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ကြပြီး မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက နယ်စပ်စခန်းဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးလှသန်း က ကုန်သည်စီးပွားရေးဇုံ၊ စက်မှုဇုံများ ဆောင်ရွက် မည့် အခြေအနေများကိုလည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဦးဟန်က ကုန်သွယ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ မော်တောင်နယ်စပ်စခန်းတာဝန်ခံ ဦးမင်းဇော်က စခန်းစတင်ဖွင့်လှစ်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး အခမ်းအနား ရုပ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် တာဝန်ရှိသူများက မောတောင်နယ်စပ်စခန်းရှိ ဌာနဆိုင်ရာရုံးခန်းများအား ကြည့်ရှု စစ်ဆေးသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ် စခန်းကို မေလ (၈)ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ မောတောင်နယ်စပ်စခန်းသည် တနင်္သာရီမြို့မှ (၇၂)မိုင်ကွာဝေးပြီး မြိတ်မြို့မှ (၁၂၂)မိုင် (၅)ဖာလုံကွာဝေးသည်။ တနင်္သာရီ-မောတောင်လမ်းပိုင်းကို မြိတ်အများပိုင်ကုပ္မဏီမှ BOT စနစ်ဖြင့် (၄)လမ်းသွား မြေသားလမ်းမကြီးကို ဖောက်လုပ်လျက်ရှိသောကြောင့် မြိတ်မြို့မှ မောတောင်နယ်စပ်စခန်းသို့ မော်တော်ယာဉ်များဖြင့် (၄)နာရီခန့်သာ သွားလာရသဖြင့် အချိန်တိုအတွင်းမှာ ကုန်သွယ်မှုများပြုလုပ်နိုင်ပြီး ကုန်သွယ်မှု လျင်မြန်မြန်ဆန် လာမည်ဖြစ်၍ စီးပွားရေးဇုံ စက်မှုဇုံများပေါ်ထွန်းလာကာ မြိတ်ခရိုင် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိလာမည်ဖြစ်သောကြောင့် ပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
Tanintharyi Thar added
Friday, May 3, 2013
မကြာမီဖွင့်လှစ်တော့မည့် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်စခန်းအား ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ကွင်းဆင်းကြည့်ရှု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment