ဆောင်းပါးရှင်- စိုးကြီး
ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ကမ္ဘာ
တစ်ဝန်းရှိ အရွယ်ရောက် ပြီးသူ ထက်ဝက်ကျော်သည် အဝ လွန်သူများ ဖြစ်လာခဲ့ပြီး
အဝလွန်မှုသည် တစ်ကမ္ဘာလုံး၌ တွေ့ရသော ရောဂါတစ်မျိုး ဖြစ်လာ ခဲ့သည်။
ထို့ကြောင့် အဝလွန် မှု ပြဿနာ ကို တိုက်ဖျက်ရန် အတွက် လှုပ်ရှားမှု များကို
ချက်ချင်း ဆောင်ရွက်ကြရန် ကျွမ်းကျင် သူများက တောင်းဆိုထားသည်။
ကမ္ဘာ တစ်ဝန်းတွင် အဝလွန်မှုကြောင့်
သေဆုံးသူ များပင် ရှိလာခဲ့သဖြင့် ထိုပြဿနာကို ဖြေရှင်းရန် အချက် တစ်ချက်
အနေဖြင့် ဆေးလိပ် သောက်ခြင်းကို တားမြစ်ရန် လိုအပ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ
ဒါဗို့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ဆိုင်ရာ ထိပ်သီး
ဆွေးနွေးပွဲတွင် ကျန်းမာရေး၊ အစာ အာဟာရနှင့် ကျန်းမာ ကြံ့ခိုင်ရေး ဆိုင်ရာ
တာဝန် ရှိသူများက ပြောကြား ခဲ့သည်။
ယနေ့ မျက်မှောက်ခေတ်တွင် ကျန်းမာရေးနှင့်
မညီညွတ်သည့် အစားအစာများ များပြားလာပြီး ကျွန်ုပ်တို့၏ လူနေ မှုဘဝတွင်လည်း
အထိုင်များသည့် အလုပ်များကို လုပ်ကိုင်သူများ များပြား လာခဲ့သဖြင့် အဝလွန်
သူများ ပိုမိုများပြား လာခဲ့ခြင်း ဖြစ်သည်။ အဝ လွန်မှုနှင့် ဆက်စပ်လျက်
ရှိသော ဆီးချို ရောဂါနှင့် နှလုံးရောဂါ တို့ဖြင့် သေဆုံးသူမှာ တစ်နှစ်လျှင်
၂ ဒသမ ၈ သန်း ရှိလာခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
လတ်တလောတွင် ကမ္ဘာ တစ်ဝန်း၌ အဝလွန်သူ
အရေအတွက်မှာ ၁ ဒသမ ၄ ဘီလီယံ အထိ တိုးမြင့် လာခဲ့ကြောင်း ကိုလံဘီယာ
တက္ကသိုလ်ရှိ ကျောင်းကျန်းမာရေး ဌာနမှ တက္ကသိုလ် ဌာနမှူး လင်ဒါ ဖရီးထ်က ကမ္ဘာ့
စီးပွားရေး ဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လာမည့်နှစ် ၂ဝ အတွင်း ယခုနည်း အတိုင်းသာ
အဝလွန်သူများ ဆက်လက်များပြား လာပါက ကမ္ဘာ တစ်ဝန်းရှိ အရွယ် ရောက်ပြီးသူ ၅ဝ
မှ ၆ဝ ရာခိုင်နှုန်းသည် အဝ လွန်သူများ ဖြစ်လာနိုင်ကြောင်း ဖရီးထ်က ဆိုသည်။
အဝလွန်မှု ပြဿနာသည် ယခုအခါ ကူးစက်ရောဂါ
တစ်ခုကဲ့သို့ ပျံ့နှံ့လာကြောင်း၊ ၎င်းပြဿနာသည် ဒေသ ဆိုင်ရာ ပြဿနာ
မဟုတ်တော့ကြောင်း၊ တစ်ကမ္ဘာ လုံးနှင့် သက်ဆိုင် လာခဲ့ပြီ ဖြစ်ကြောင်း၊
အဝလွန်သူ အရေ အတွက်သည် တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်ကြောင်း ဖရီးထ်က
ဆက်လက် ပြောကြားခဲ့သည်။
အဝလွန်မှု ပြဿနာကို ဖြေရှင်းရန် ပထမ
ခြေလှမ်းမှာ အဝ လွန်သူများ ကိုယ်တိုင်ကပင် ကိုယ်အလေးချိန် လျော့ကျပြီး
ကြံ့ခိုင် သန်မာသော ကိုယ်ခန္ဓာ ရရှိရန် ပြင်းပြသော ဆန္ဒရှိ ရမည်ဟု ကျွမ်းကျင်
သူများ ကဆို သည်။
အဝလွန်သူများ များပြားလာရခြင်း
အကြောင်းအရင်းမှာ ကယ်လိုရီများသော အစား အစာများ စားသုံးမှုများ လာခြင်းနှင့်
လူနေမှု ဘဝတွင်ကိုယ်လက် လှုပ်ရှား ဆောင်ရွက်မှုများ နည်းပါး လာရခြင်း
တို့ကြောင့် ဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်း ပြောကြားခဲ့သည်။
မြို့ပြ လူနေမှု ဘဝပုံစံကြောင့်
လူသားတို့သည် လှုပ်ရှားမှု နည်းလာပြီး အဝလွန်သူများ ဖြစ်လာကြကြောင်း နောက်ထပ်
ကျွမ်းကျင်သူ တစ်ဦးက ပြောကြား ခဲ့သည်။
မျက်မှောက်ခေတ်တွင် လူသားတို့သည်
လမ်းလျှောက်၍ သွားပြောရမည့် ရုံးအလုပ်၊ ကျောင်းအလုပ် များကိုပင်
အီးမေးလ်ဖြင့်သာ ပို့သဖြင့် အခြေခံ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း
ဖြစ်ကြောင်း သုတေသန ပြုလုပ်ချက် အရ အမေရိကန် တို့သည် ၁၉၆၇ ခုနှစ်ကထက်
ယခုအခါ လှုပ်ရှားမှု ၃၂ ရာခိုင်နှုန်း နည်းပါးသွား ပြီး လာမည့် ၂ဝ၃ဝ
ပြည့်နှစ်တွင် လှုပ်ရှားမှု ၅ဝ ရာခိုင်နှုန်း နည်းပါး လာနိုင်ကြောင်း ၎င်းက
ထပ်လောင်း ပြောကြားခဲ့သည်။
ယနေ့ခေတ်တွင် အသင့်စား အစားအသောက်များ
ပိုမိုများပြား လာကြောင်း၊ ယင်း အစားအစာ များတွင် ဆားကို ပိုမို သုံးစွဲ
လာကြောင်း၊ ၎င်းအစား အစာများသည် ဈေးကွက်များသို့ ထိုးဖောက် ဝင်ရောက်
လာကြောင်း၊ ဂျုံဖြင့် ပြု လုပ်သော အစားအစာများ စားသုံးခြင်းသည်
အသီးအနှံများ၊ အသီး အရွက်များ စားသုံး ခြင်းထက် ပိုမို များပြား လာခဲ့သည်။
ထို့ကြောင့် စားသောက်ကုန် လုပ်ငန်းရှင်
များက အစားအစာများ ထုတ်လုပ်ရာတွင် သင့်လျော်သည့် ကယ်လိုရီ ပမာဏနှင့်
ကျန်းမာရေးနှင့် ညီညွတ်သည့် ဖြည့်စွက်မှု များကိုသာ ထည့်သုံး၍ ထုတ်လုပ်
သင့်ကြောင်း ၎င်းဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင် များနှင့်
ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိ သူများက ပြောကြား ခဲ့ကြသည်။
0 comments:
Post a Comment