ဒေါ့မွန် တိုက်စစ်မှူး လီဝင်ဒေါ့စကီးသည် မန်ယူ အသင်းကို ငြင်းပယ်ပြီး ဘိုင်ယန် အသင်းကို ရွေးချယ်မည်ဟု သိရသည်။
မန်ယူ နည်းပြ ဖာဂူဆန်သည် အဆိုပါ ပိုလန် တိုက်စစ်မှူးကို ယခုရာသီကုန် နွေဈေးကွက်တွင် အသင်းအတွက် ခေါ်ယူလိုကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ သို့သော် ပေါင် ၂၅ သန်းတန် လီဝင်ဒေါ့စကီးသည် တစ်ပတ်လုပ်အားခ ပေါင် ၁ သိန်း ၆ သောင်းနှင့် အတူ ၅ နှစ် စာချုပ်ဖြင့် ဘိုင်ယန်သို့သွားရန် စိတ်ပါနေသည်။ လီဝင်ဒေါ့စကီးသည် ယခုရာသီ ပြိုင်ပွဲ အရပ်ရပ်တွင် ဒေါ့မွန် အသင်းအတွက် ခြေစွမ်းများ ပြသကာ ဂိုးများ သွင်းယူနေသူ ဖြစ်သည်။ မန်ယူ အသင်းသည် ဘိုင်ယန် အသင်း အနေဖြင့် လာမည့် ရာသီ အတွက် ဒေါ့မွန်မှ ဂေါ့ဇီကို ခေါ်ယူရန် ကြိုးစားနိုင်ခဲ့ပြီးနောက် ယခု လီဝင်ဒေါ့စကီးကို ခေါ်ယူတော့မည် မဟုတ်၍ ၎င်းတို့ အသင်း အတွက် အခွင့်အရေး ရလာမည်ဟု ယုံကြည်နေသည်။
Friday, May 3, 2013
မန်ယူကို ငြင်းပယ်ပြီး ဘိုင်ယန်ကို ရွေးမည့် လီဝင်ဒေါ့စကီး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment