Saturday, May 18, 2013

အမျိုးသားလွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ ပြန်လည်ရောက်ရှိ

ယနေ့ နံနက်ပိုင်းတွင် ဘရူနိုင်း ဒါရူဆလမ် နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝမ်မြို့၌ ကျင်းပသည့် ဒသမ အကြိမ်မြောက် AIPA မူးယစ်ဆေးဝါး အန္တရာယ် တိုက်ဖျက်ရေးဆိုင်ရာ အချက်အလက်

ရှာဖွေရေး ကော်မတီ အစည်းအဝေး တက်ရောက်ခဲ့သော အမျိုးသား လွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်တင် ခေါင်းဆောင်သော ကိုယ်စား လှယ် အဖွဲ့ဝင် သုံးဦးတို့သည် လေကြောင်း ခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ လွှတ်တော်ရုံးမှ တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

0 comments:

Post a Comment