Saturday, May 18, 2013

ငါးပုစွန် မွေးမြူရေး လုပ်ငန်းရှင် ၂ ဦးအား အမည်ပျက် စာရင်းကြေညာ

ငါးပုစွန် မွေးမြူရေး လုပ်ငန်းရှင် ၂ ဦးအား အမည်ပျက် စာရင်းကြေညာ

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ၊ အငြင်းပွားမှု ဖြေရှင်းရေး ကော်မတီ ၏ ညှိနှိုင်း ဆောင်ရွက်ခြင်း အား လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက် ခဲ့မှုများကို အမည်ပျက် စာရင်း ကြေညာ ဆောင်ရွက်ခဲ့ရာ ၂၀၁၀ ခုနှစ်တွင် ကုမ္ပဏီ ၂ ခုမှ တာဝန်ရှိသူ ၃ ဦးအား လည်းကောင်း ၊ ပုစွန် မွေးမြူရေး လုပ်ငန်းရှင် ၂ ဦးကို လည်းကောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် နှင့် ရေလုပ်ငန်း နယ်ပယ်တွင် ဆက်ဆံရန် မသင့်သူ ၊ နာမည်ပျက် ရှိသူများ အဖြစ် အမည်ပျက် ရှိသူများ အဖြစ် အမည်ပျက် စာရင်း ကြေညာ ခဲ့ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန များသို့ ဆက်လက် တင်ပြ ခဲ့ကြောင်း သိရသည်။ အငြင်းပွားမှု ဖြေရှင်းရေး ကော်မတီ ကို ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ၃/၂၀၀၉ ဗဟို အလုပ်အမှုဆေင် အစည်းအဝေး မှ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ဦးဆောင်မှု အောက်တွင် ရှိသော အသင်းများ ၊ အသင်းဝင်များ ၊ လုပ်ငန်းရှင်များ အချင်းချင်း ဖြစ်ပေါ်လာသော ငွေကြေး ဆိုင်ရာ မရိုးသားမှုများ ၊ ဆောင်ရွက်ရန် ရှိသည့် တာဝန်နှင့် ၀တ္တရား ပျက်ကွက်မှုများ ၊ အငြင်းပွားမှု နှင့် မပြေလည်မှု ပေါ်ပေါက် ပါက ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ရန် အတွက် အငြင်းပွားမှု ဖြေရှင်းရေး ကော်မတီ ကို ဖွဲ့စည်းသွားရန် ဆုံးဖြတ်ချက် အရ ဗဟို အလုပ်အမှုဆောင် ၁၂ ဦးဖြင့် အငြင်းပွားမှု ဖြေရှင်းရေး ကော်မတီ ကို ဖွဲ့စည်း တာဝန် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment