Tuesday, May 07 ,2013
ကမ္ဘာ့ဘဏ်နှင့် ပြည်ထောင်စုအစိုးရတို့ပူးပေါင်းဆောင်ရွက်ပြီး ဒေါ်လာသန်း(၈၀)ကျော်ကို နိုင်ငံတစ်ဝန်းဆင်းရဲနွမ်းပါးနှုန်းအမြင့်ဆုံးမြို့နယ် (၁၅)ခုကိုဖွံ့ဖြိုးရေးအစီအစဉ်အတွက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ထုတ် ပြန်ချက် အရသိရသည်။
ထိုလူထုအခြေပြုဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်းပထမအဆင့်ကိုကန်ပက်လက်၊နမ့်ဆန်(ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)နှင့်ကျွန်းစုမြို့နယ်များတွင် စတင်မည်ဖြစ်ပြီးအဆိုပါဒေသများသည်ဆင်းရဲနွမ်းပါးမှု၊တခြားအဖွဲ့အစည်းများ၏ထောက်ပံ့မှုကိုမရရှိမှုနှင့် ဒေသအစိုးရ၏ဆောင်ရွက်လိုမှုစသည့်အချက်(၃) ချက်ကြောင့် အတည်ပြုရွေးချယ်ခဲ့ရမည်ဖြစ်ပြီးထိုထောက်ပံ့ငွေများကိုတစ်ဦးချင်းခွဲဝေအသုံးပြုနိုင်မည်မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးအတွက်ကျောင်း ၊ဆေးခန်း ၊ကျေးလက်ဈေး၊ လမ်းပန်းဆက်သွယ်ရေးအစရှိသော ကဏ္ဍများ တွင် အသုံးပြုရမှာဖြစ်ပြီး ပြန်လည်ပေးဆပ်ဖို့မလိုကြောင်းလည်း သိရသည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်စစ်တမ်းအရမြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါးနှုန်းသည်လူဦးရေ၏(၂၆)ရာခိုင်နှုန်းကျော်ရှိပြီး(၂၀၁၅)ခုနှစ်မှာ(၁၆)ရာခိုင်နှုန်းလျှော့ချနိုင် ရန်အတွက် ပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီးနှင့် ပြည်နယများမှ မြို့နယ်တစ်မြို့နယ်စီရွေးချယ်ပြီး စီမံကိန်းပထမနှစ်တွင် မြို့နယ်(၃)မြို့နယ်၊ ဒုတိယနှစ်မှာ(၅)မြို့နယ်နှင့်တတိယနှစ်တွင် (၇)မြို့နယ်စုစုပေါင်း(၁၅)မြို့နယ်၊ကျေးရွာပေါင်း(၆၄၀)နီးပါးကို အမေရိကန်ဒေါ်လာ(၂၇၀၀၀)နှုန်းဖြင့် (၃)နှစ်ဆက်တိုက်နှစ်စဉ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
SkyNet TV Browser

0 comments:
Post a Comment