Tuesday, May 7, 2013

အက်သလက်တီကို ကွင်းလယ်ကစားသမား အိုလီဗီရာကို မန်စီးတီး ခေါ်ယူလို

အသက်(၁၈)နှစ်သာ ရှိသေးသော ကွင်းလယ် ဖန်တီးရှင်လေးသည် ယခုအခါ မန်စီးတီး၏ နွေရာသီ အဝယ်စာရင်းတွင် ပါဝင်လာကြောင်း သတင်းများက ဆိုသည်

အက်သလက်တီကို ကွင်းလယ်ကစားသမား အိုလီဗီရာကို မန်စီးတီး ခေါ်ယူလို
မန်ချက်စတာ စီးတီး အသင်းသည် အက်သလက်တီကို မက်ဒရစ် အသင်းမှ လူငယ် ကွင်းလယ် ကစားသမားလေး အိုလီဗီရာ တောရက်စ်ကို မျက်စိကျနေကြောင်း သိရှိရသည်။ အသက်(၁၈)နှစ်သာ ရှိသေးသော ကွင်းလယ် ဖန်တီးရှင်လေးသည် ယခုအခါ မန်စီးတီး၏ နွေရာသီ အဝယ်စာရင်းတွင် ပါဝင်လာကြောင်း သတင်းများက ဆိုသည်။ မန်စီးတီး အသင်း၏ လူသစ်ရှာဖွေရေး ကင်းထောက် ဒေးဗစ် ဖာနန်ဒက်ဇ်သည် အက်သလက်တီကို အသင်းနှင့် ဒီပို့တီဗို လာကရူးနားတို့ ဂိုးမရှိ သရေကျသော ပွဲစဉ်တွင် တောရက်စ်၏ ခြေစွမ်းကို စောင့်ကြည့် လေ့လာခဲ့သည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်တွင် တောရက်စ်သည် (၇၂)မိနစ်မှ လူစားဝင် ကစားသွားခဲ့သည်။

အသက်(၂၁)နှစ်အောက် စပိန်လက်ရွေးစင် ကစားသမားလေး၏ တန်ကြေးသည် ပေါင်စတာလင် (၈)သန်း ဝန်းကျင်ရှိပြီး ၎င်းကို မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးနှင့် လီဗာပူးလ် အသင်းများကလည်း စောင့်ကြည့်လျှက် ရှိကြသည်။ မန်စီးတီးသည် နွေရာသီ ဈေးကွက်တွင် လူငယ် ကစားသမားများကို အဓိက ချိတ်ဆက် ဝယ်ယူရန် ဆန္ဒရှိနေပြီး ဗီးလက်ဇ်ဆားဖီးလ် အသင်းမှ ညာနောက်ခံလူ ဂျီနို ပီရူဇီကိုလည်း စိတ်ဝင်စားမှု ပြသလျှက် ရှိသည်။ အဆိုပါ အာဂျင်တီးနား လက်ရွေးစင် ကစားသမားလေးသည် တောင်ပံတိုက်စစ်တွင်လည်း ကစားနိုင်ပြီး အင်တာမီလန်ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။

0 comments:

Post a Comment