Monday, May 6, 2013
မြန်မာနိုင်ငံကနေ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူ ၅ ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူရစ်ဆေးသယ်လာသူတွေကို ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်း ခရိုင် မယ်ဖါ့လုံမြို့နယ်နဲ့ ကီလိုမီတာ ၂၀ ခန့်အကွာ ထိုင်းမြန်မာနယ်စပ်အနီးမှာ လက်နက်တွေနဲ့အတူ မေလ ၅ ရက်နေ့မှာ အသေဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းနယ်စပ်အာဏာပိုင်တွေ ပြောပြချက်အရ သိရပါတယ်။
“၅ ယောက်သေတယ်၊ ဆေး အလုံး ၇ သောင်းမိတယ်၊ နောက်တစ်ခါ ဟိုဟာ ငွေက ဘတ်
တစ်သန်း ပါတယ်၊ သေနတ် ၄ လက်မိတယ် ဒါပဲ ပြောတယ်။ သူတို့ ပြောတာက ဝ
စခန်းတွေနဲ့ နီးတယ်ပြောတယ်။”
မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့ထံကနေ ပွိုင့် 22 သေနတ်တစ်လက်၊ AK 47 မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်၊ 9 MM ပစ္စတို သေနတ်တစ်လက်နဲ့ တရုတ်နိုင်ငံထုတ် လက်နက်တစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။ သေဆုံးသူ တွေဟာ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ အတိအကျ မသိရဘူးလို့ထိုင်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။
ဧပြီ၂၃ရက်နေ့တုန်းကလည်းလူ၁၀ ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့နဲ့ထိုင်းမြန်မာနယ်စပ်အနီးမှာပဲတိုက်ပွဲဖြစ်ပွားခဲ့ပြီး အက်ဖက်တမင်းစိတ်ကြွဆေးပြား၉၆၀၀၀၀နဲ့လူတစ်ယောက်ကိုအသေဖမ်းဆီးရမိခဲ့ပါတယ်။ကျန်သူတွေကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ထိုင်းနယ်စပ်အရာရှိတစ်ဦးက ပြောခဲ့တဲ့အကြောင်း ရေဒီယိုသြစတေးလျ
သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
Monday, May 6, 2013
မူးယစ်မှောင်ခို ၅ဦး အသေဖမ်းမိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment