Monday, May 6, 2013

ဆံပင်နှင့်ကျန်းမာရေး

၁။ ခေါင်း၌ ဗောက်များရှိနေခြင်းကမှိုရောဂါပိုးကြောင့်ဖြစ်နိုင်သလိုအခြားသောရောဂါများဖြစ်တဲ့အ၀လွန်ခြင်း၊စိတ်ဖိစီးမှုများခြင်း၊အရေပြားအဆီပြန်ခြင်း၊ နှင်းခူနဲ့ဆိုရီရေစစ်ရောဂါများရဲ့လက္ခဏာများလည်း ဖြစ်နိုင်ပါတယ်။ ဗောက်လျော့နည်းစေရန်အတွက် ဗောက်ပျောက်ခေါင်းလျော်ရည်ကိုငါးမိနစ်ခန့်ထားပြီးမှ ဆေးပေးသင့်ပါတယ်။

၂။ အ၀ါရောင်ဗောက်များထခြင်းက Seborrheic dertitis ဟုခေါ် ပြီးအရေပြားတွင်အဆီဂလန်းများ ရောင်ရမ်းပြီး၊ အရေပြားရောင်ရမ်း ခြင်းကြောင့်ဖြစ်ကာဟော်မုန်း၊ မှိုပိုးနဲ့ တစ်ခါတစ်ရံမှာ အာရုံကြောပြဿနာ တွေကြောင့် ဖြစ်နိုင်ပါတယ်။

၃။ ဆံပင်ကျွတ်ခြင်းကတော့ သိသာတဲ့ ပြဿနာတော့မဟုတ်ပါဘူး။ အကြောင်းကအချိန်တိုင်း သင့်ခေါင်း မှာရှိတဲ့ဆံပင်အမြစ်တွေရဲ့ ၁၀%ဟာ အနားယူတဲ့ အခြေအနေ မှာရှိနေတဲ့ အတွက်သင့်ခေါင်းဖီး တိုင်းဆံပင် ကျွတ်လာနိုင်ပါတယ်။ တစ်ရက်ကို ဆံပင်၁၀၀အထက်ကျွတ်နိုင်ပါ တယ်။

၎။ အမျိုးသားများတွင် ဆံပင်ဆုံးရှုံးရခြင်းရဲ့ ၉၀%ခန့်ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပြီး၊ သင့်အမေရဲ့ အဖေက နဖူး ပြောင်လျှင် သင်လည်း နဖူးပြောင်ဖို့အခွင့်အလမ်းပိုများပါတယ်။ minoxidil နဲ့ finasteride စတဲ့ ဆေးတွေ က ဆံပင်ကျွတ်ခြင်းကို လျော့နည်းစေ ပါတယ်။

၅။ နေအပူချိန်များများ ထိတွေ့ခြင်းကလည်း ဆံပင်များကို ကျိုးလွယ်၊ ပျက်စီးလွယ်စေပြီး၊ အဖျားနှစ်ခွဖြစ် စေပါတယ်။ အကယ်၍ သင့်ရဲ့ ဆံပင်က နဂိုထဲက ပါးပြီးသားဆိုလျှင် ဤကဲ့သို့ နေပူထဲတွင် အပူဒဏ်ခံ ရခြင်းက ဦးရေပြားကိုနေလောင်ခြင်း ဖြစ်ပွားစေနိုင်ပါတယ်။

၆။ အလွန်အကျွံ အစားရှောင်ကျဉ်ခြင်းကလည်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။အလွန်အကျွံ ဆံပင်ကျွတ်သော အခြေအနေများတွင် သင့်ရဲ့ဆံပင်ကျွတ်ခြင်းသက်သာ စေရန်အတွက် သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်အေနဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်တွေလိုအပ်ပါတယ်။

၇။ ဆံပင်ကိုကျပ်တည်းအောင် ဆွဲထားခြင်း(ကျစ်ဆံမြီးကျစ်ခြင်း၊ ဆံပင်ပြင်ခြင်း)များက ဆံပင်ကိုပိုမိုပျက်စီး သွားစေနိုင်ပါတယ်။ ဆံပင်အား နောက်လှန်၍ အချိန်ကြာမြင့်စွာ စွဲထားခြင်းကလည်း ဆံပင်ပျက်စီးမှုကို ပိုမို ဖြစ်စေပါတယ်။

၈။ ဆံပင်ကို အလွန်အကျွံအလှပြင်ခြင်းများ (အရောင်ဆိုးခြင်း၊ အရောင်ချွတ်ခြင်း၊ အခြောက်ခံစက်သုံးခြင်း)က ဆံပင်ကို ပိုမိုအားပျော့စေပြီး၊ ပိုမို ပျက်စီးစေပါတယ်။

၉။ အကိုက်အခဲပျောက်ဆေး၊ သွေးဆုံးခြင်း၊ ကိုယ်ဝန်တားဆေးများနှင့် ပဋိဇီဝဆေးများကလည်း ဆံပင်ကျွတ် ခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဖိုးသောကြာ
Ref: Web MD


0 comments:

Post a Comment