Monday, May 20, 2013

အရေပြားကင်ဆာကို ဘယ်လိုကာကွယ်မလဲ

မှဲ့ကင်ဆာနဲ့ အရေပြားကင်ဆာဟာ အဖြစ်များလာတဲ့ ကင်ဆာရောဂါ တွေဖြစ်ပြီး ကုသမှုမရှိရင် သေဆုံးနိုင်တဲ့ အရေပြားရောဂါတွေ ဖြစ်လာပါတယ်။ မှဲ့ကင်ဆာကတော့ အရေပြား ကင်ဆာကြောင့် သေဆုံးမှုတွေထဲမှာ နှစ်စဉ်၉၀၀၀ကနေ ၁၂၀၀၀အထိ အရေအတွက်ကို ပိုင်ဆိုင်ထားပါ တယ်။ ကာကွယ်နိုင်တဲ့နည်းလမ်းတွေ ကို ဖော်ထုတ်ထားတဲ့ အဖွဲ့အစည်းကတော့ Settle ကင်ဆာစောင့်ရှောက်မှု ကွန်ယက်ပဲဖြစ်ပါတယ်။
- နေရောင်ခြည် ထိတွေ့မှုကို ထိန်းချုပ်ပါ။ အရေပြားပျက်စီးမှုတွေရဲ့ ၈၀%ဟာ အသက်၁၈နှစ်အရွယ် (အရေပြားစတင်ယိုယွင်းလာတဲ့အချိန်)ကနေ ဘ၀တစ်သက်တာ ရင်ဆိုင်ရတဲ့နေရောင်ခြည်ကြောင့်ပဲဖြစ် ပါတယ်။
-ကလေးငယ်များကိုနေရောင် အောက်မှာ ဆော့ကစားချိန်ကန့် သတ်ပေးပါ။ အထူးသဖြင့် မနက်၁၁ နာရီကနေ နေ့လည်၃နာရီ လောက် အထိကို လုံးဝနေရောင် အောက်မှာ မဆော့ပါစေနဲ့။
- မိသားစုဝင်အားလုံး နေရောင်ကာ လိမ်းဆေးရည်ကို လိမ်းကျံပေးပါ။ နေရောင်ခြည်ကိုအဆ၃၀အနည်း ဆုံးကာကွယ်ပေးတဲ့ (SPF30)အလှ ကုန်တွေကို နွေရာသီမှာသုံးစွဲပါ။ မနှမြောပါနဲ့။ လက်တွေ၊ နားရွက်တွေ ပါဝင် အောင်လိမ်းပေးပါ။
- မျက်စိမှာဖြစ်တဲ့ မျက်ကြည်လွှာကင် ဆာဟာလည်း အဖြစ်များလာတဲ့အ တွက် မျက်စိကိုလည်း နေရောင်ခြည် ကနေ ကာကွယ်ပေးရမှာဖြစ်ပါတယ်။ လွယ်ကူပါတယ်။ နေကာမျက်မှန်တစ် လက်ကတော့ နေရောင်အောက်သွား မယ်ဆိုရင် အမြဲယူဆောင်သွားပါ။
-အနောက်တိုင်းမှာခေတ်စားတဲ့ ကမ်းခြေမှာ ဒရင်းဘက်ပေါ်ကနေ နေပူစာလှုံခြင်းဟာ အရေပြားကင် ဆာဖြစ်ဖို့အတွက် ၅၀%ပိုမိုစေတယ် ဆိုတာကို မှတ်သားထားသင့်ပါတယ်။ မဖြစ်မနေ နေပူစာလှုံရမယ်ဆိုရင် နေစာလှုံဖို့ အထူးစီမံထားတဲ့ ခရမ်၊ လိုးရှင်းတွေ လိမ်းပေးရပါမယ်။
- အရေပြားဆရာဝန်နဲ့ စစ်ဆေးခြင်း ကိုတော့ အရေပြားပြဿနာတွေ စပေါ်ပေါက်လာချိန်က စတင်သင့်ပါ တယ်။ အရေပြားကို အမြဲစစ်ဆေးပေး ပါ။ မျက်စိနဲ့တိုက်ရိုက်မမြင်ရတဲ့ ကျောကုန်းတို့ တင်ပါးတို့ကို မှန်နဲ့ ကိုယ်တိုင်စစ်ဆေးခြင်း ဒါမှမဟုတ် မိသားစုဝင်တွေကို စစ်ဆေးခိုင်းပါ။ ပုံမှန်မဟုတ်ဘဲ မှဲ့လေးတွေပေါ်လာ ရင်ပျော်မသွားပါနဲ့။ကင်ဆာဖြစ် တတ်လို့ အထူးဂရုပြုသင့်ပါတယ်။
- အရေပြားကင်ဆာ မိသားစုရာဇ၀င် ရှိမရှိဟာလည်း အရေးပါတဲ့အတွက် မိခင် ၊ဖခင်၊ အဘိုး၊ အဘွားကစပြီး မိသားစုဝင်တွေ အရေပြားကင်ဆာနဲ့ ဆုံးပါးခြင်းရှိမရှိ မေးမြန်းစုံစမ်းရမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment