မန္တလေးမှာ ရွာတဲ့ မိုးကြောင့် အ.ထ.က(၂၄) ကျောင်း အုတ်တံတိုင်းပြိုကျ
Friday, May 17, 2013
(၁၆-၅-၂၀၀၃ ) ရက် နေ့လည် (၁၁း၄၅ )နာရီ နေ့ က ရွာသွန်းခဲ့တဲ့ မိုးကြောင့် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာသရဲကျော်ရပ်၊ အကွက်(၃၆၂) ရှိ ၊ အမှတ်(၂၄)၊ အခြေခံ ပညာ အထက်တန်းကျောင်း၊ အနောက်တောင် ထောင့်ရှိ ခြောက်ပေခန်း (၄) ခန်း ပြိုကျပျက်စီး သွားပြီး တံတိုင်း(၄)ခန်းကတော့ ၃ ပုံ ၂ ပုံ ပြိုကျသွားပါတယ်။ အုဌ်တံတိုင်းပြိုကျ ပျက်စီးမှုကြောင့် အနီးနား ၀န်းကျင် က တစ်ဦး တစ်ယောက် ကိုမှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိဘူး လို့ သိရပါတယ်။
ဘကြီးအောင်
မြန်မာဓိက

0 comments:
Post a Comment