၁။ နေရာကောင်းများရှိအစိုးရ အဆောက်အဦးများ ပြင်ဆင်ပြီး ဟိုတယ် ပလာဇာ စသည် နှစ်၃၀ BOT project များ ( ပိုင်သူဆိုင်သူများ ဆွဲစိ )
၂။ ဆက်သွယ်ရေး sim card, prepaid card (ခရိုနီတစ်စု နဲ့ ဦးပိုင် ဆွဲစိထားလိုက်ပါပြီ..)
၃။ ဆိပ်ကမ်း အကြီးစားပြင်ဆင် BOT ရင်းနှီးမြုပ်နှံမှု ( ဦးပိုင် ခရိုနီ နှင့် အဖွဲ့ )
၎။ ဓါတ်ဆီ ဒီဇယ် ပန့်ဆိုင်များ စက်သုံးဆီ ရောင်းဝယ်ရေး
( စစ်အာဏာရှင်များကျောထောက်နောက်ခံပြုထားတော ခရိုနီ နှင့်အဖွဲ့ )
၅။ နေရာအနှံ့အပြားရှိ ခွင်ကောင်း ဟိုတယ်ဇုန်များ ( နေပြည်တော် ငွေဆောင် ချောင်းသာ ပုဂံ ညောင်ဦး အင်းလေး ပြင်ဦးလွင် မန္တလေး ထားဝယ် ငပလီ ) အလားအလာကောင်းနေသော ချောင်းသာ တောင်ဘက် မြောက်ဘက် Beach နေရာကောင်းများ ကုန်သလောက်ပါပဲ ( ခရိုနီအကြီးစားများ - ဗိုလ်ချုပ်ြ့ကီးဟောင်းများ backing )
တစ်ဧက ၃၀၀၀၀ ဈေးလောက် တောင်ကြားပါတယ်...
၆။ ဘဏ်လုပ်ငန်း ငွေလွှဲလုပ်ငန်းများ ( အထက်ပါအတိုင်း )
၇။ လေကြောင်းလိုင်းများ ( အထက်ပါအတိုင်း )
၈။ သတင်းစာ ဂျာနယ် ထုတ်ဝေခြင်း ( အထက်..)
၉။ မီဒီယာ FM ကြော်ငြာ အင်တာနက် လိုင်း (ံ အထက်..)
၁၀။ သစ်လုံးတင်ပို့ခွင့် ၂၀၁၄ ကျရင် ရပ်ပြီလို့ဆိုပြီး မိမိထုတ်နေတဲ့သစ်တော မိမိဖာသာ ပြုစု ပျိုးထောင် ထုတ်လုပ် ဆိုပြီး သစ်တော လိုက် အကွက်လိုက် အပိုင်စားပေးမယ့်အစီအစဉ် ကြိတ်ဆွဲ ကြိတ်ကြံနေကြတယ်လို့ကြားရပါတယ်.. ( အထက်..)
၁၁။ SEA game နဲ့ ပါတ်သက်သော ခါတော်မီ ရင်းနှီးမြုပ်နှံမှုများ ( အထက်..)
၁၂။ ကမ်းလွန် ကုန်းတွင်းရေနံ နှင့် ဆက်စပ် ခွင်များ ( အထက်..)
ဆိုတာတွေတွေ့ရတော့ နိုင်ငံတော်၏ စီးပွားရေးတစ်ရပ်လုံး နိုင်ငံသားများလက်ဝယ်တွင်ရှိရေး ဆိုတာ ကို သတိရမိပါတယ်.... တိုင်းပြည်စီးပွားရေး ဘယ်သူ့လက်ဝယ်ရောက်လို့ ဘယ်သူတွေ ဆွေစဉ်မျိုးဆက် သုံးစားမကုန်အောင် ကျိကျိတက်ချမ်းသာကုန်ပြီး ဘယ်သူတွေ ခွက်ဆွဲ ရတော့မလဲဆိုတာ ထင်ထင်ရှားရှားပါပဲ မြင်လိုက်ရတာက....
လမ်းဘေးက လေလွင့်ခွေးတွေကြားထဲ မုန့်ကလေးတစ်ခု ပစ်ချပေးလိုက်တာ နဲနဲထွားတဲ့ အကောင်က မန်ဖီဟိန်းဟောက်ပြီး တစ်ကောင်ထဲ လုစားသွားတဲ့ မြင်ကွင်းလေးကို အတွေးထဲ မြင်မိပါတယ်..
လဘက်ရည်ဆိုင်ဖွင့်ဘို့တောင် သိန်း ထောင်နဲ့ချီ လိုအပ်နေတဲ့ခေတ်ကြီးမှာ သာမန်ပြည်သူတွေ အထမ်းနဲ့ မုန့်ဟင်းခါးလေး အသုတ်ဆိုင်လေး အေးအေးချမ်းချမ်းဖွင့်ဖို့တောင် ဖြစ်ပါတော့မလား..အဘရေ...အန်တီရေ...
m.s

0 comments:
Post a Comment