by Myit Makha Mediagroup on 2 May, 2013
ဧရာဝတီတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးအားရာထူးကိုအကြောင်းပြုကာအဂတိလိုက်စားမှုများ၊အာဏာအလွန်
အကျွံသုံးစွဲမှုများအားအကြောင်းပြု၍ ပြည်သူများကတိုင်ကြားမှုများနှင့်ပါတ်သက်၍စစ်ဆေးအရေးယူ ဆောင်
ရွက်မှုများကို နိုင်ငံတော်သမ္မတကတိုင်းလွတ်တော်သို့သ၀ဏ်လွှာပေးပို့ခဲ့သည့်အကြောင်းအရာများကိုတိုင်း
လွှတ်တော်ကိုယ်စားလှယ်အချို့ကမီဒီယာများသို့ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဆဌမပုံမှန်အစည်းအဝေးတတိယနေ့တွင် နိုင်ငံတော်သမ္မတကြီးမှ ပေးပို့
သောသ၀ဏ်လွှာကိုဖတ်ကြားမည့်အချိန်၌ ပြည်တွင်းပြည်ပသတင်းထောက်များအားလွှတ်တော်ခန်းမ
အပြင်ဘက်သို့ထွက်ခိုင်းကာတံခါးပိတ်ဖတ်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပေါ်ပြီးနောက်တိုင်းလွှတ်တော်ကိုယ်စားလှယ်
အချို့မှပွင့်လင်းမြင်သာမှုရှိစွာမီဒီယာများသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

0 comments:
Post a Comment