Thursday, May 2, 2013

ရခိုင်၌ ပြစ်မှုကျူးလွန်ခဲ့သည့် တပ်ဖွဲ့ဝင်များကို အရေးမယူဘဲ လုံခြုံရေး နှစ်ဆတိုးပါက တစ်ကျော့ပြန် ကြမ္မာငင်နိုင်ဟု HRW ဆို

Thursday, May 2, 2013

ရခိုင်ပဋိပက္ခ၌ ပြစ်မှု ကျူးလွန်ခဲ့ ကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိုက်သင့်သော ပြစ်ဒဏ်ခတ်ခြင်း မပြု လုပ်ဘဲ လုံခြုံရေးအင်အားကို နှစ်ဆတိုး မြှင့်လိုက်ပါက ဖြစ်ရပ်ဆိုးများကိုထပ် မံဖိတ်ခေါ်ရာရောက်နိုင်ကြောင်း လူ့အ ခွင့်အရေး စောင့်ကြည့်အဖွဲ့(HRW) က ဆိုသည်။

HRW ၏ အာရှဒေသဆိုင်ရာလက် ထောက်ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆန်က ရခိုင်အရေး စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ အစီရင်ခံစာ တွင် အကြံပြုထားသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူ အညီများ ချက်ချင်းစီမံပေးရေးကို အ ပြည့်အဝထောက် ခံသော်လည်း လုံခြုံ ရေးတပ်ဖွဲ့အင်အား နှစ်ဆတိုးမြှင့်ချထား ရန် အကြံပြုချက်ကိုမူ စဉ်းစားဆင်ခြင်၍ လုပ်ဆောင်ရမည့်အချက်ဟု ဆိုထား ခြင်း ဖြစ်သည်။

”ပြစ်မှု ကျူးလွန်ခဲ့ကြတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်ခတ်မခံရ တာကို ပြင်ဆင်ဖို့ အဆုံးသတ်ဖို့ မလုပ်ဘဲနဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့ ဝင် အင်အား နှစ်ဆထပ်မံတိုးမြှင့် ချထား မယ်ဆိုရင် ဖြစ်ရပ်ဆိုး တွေကို ထပ်မံဖိတ် ခေါ်ရာ ရောက်ပါလိမ့်မယ်”ဟု ဖီးလ် ရောဘတ်ဆန် က ပြော သည်။

HRW ၏ရခိုင်အစီရင်ခံစာကို ပြီး ခဲ့သည့် ဧပြီလ ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိ ပက္ခဖြစ်စဉ်များ၌ ဘင်္ဂါလီ မွတ် ဆလင် များအပေါ် အကြမ်းဖက်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးမှု မပြုရုံသာမကကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသည်ဟု စွပ်စွဲရေးသား ထားသည်။

Popular Myanmar News Journal

0 comments:

Post a Comment