Thursday, May 23, 2013
အိန္ဒိယ နိုင်ငံ ၊ အင်ဖော်မြို့ရှိ Smile Train Shija နှာခေါင်းကွဲ ၊ အာခေါင်ကွဲ ကုသရေး စီမံချက်နှင့် USA - Shija ဆေးရုံနှင့် သုတေသန ဌာနတို့မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အဖွဲ့သည် ကလေးဝ နှင့် မုံရွာမြို့ ရှိ နှာခေါင်းကွဲ ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ လာရောက်ခွဲစိတ်ကုသသွားမည်ဖြစ်ကြောင်း Smile Train Shija Cleft Project အဖွဲ့၏ ထုန်ပြန်ချက်အရသိရသည်။
အဆိုပါ ခွဲစိတ်အထူးကု ဆရာဝန်ကြီး များပါဝင်သော အဖွဲ့သည် မေလ ၂၃ ရက်နေ့တွင် ကလေးဝ မြို့ရှိ နှာခေါင်းကွဲ ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ ခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ပြီး မေလ ၂၄ ရက်နေ့ မှ ၂၇ ရက်နေ့ထိ မုံရွာပြည်သူ့ဆေးရုံ၌ နှာခေါင်းကွဲ ၊ အာခေါင်ကွဲ လူနာများအား ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
0 comments:
Post a Comment