Thursday, May 2, 2013

တရုတ်တွင် တံတားမတော်တဆမှု ဖြစ်ပွား

ဗုဒ္ဓဟူးနေ့ ညပိုင်းက တံတားပေါ်မှ လိမ့်ကျသူ (၂၄)ဦးကို မိမိတို့ ကယ်တင်ခဲ့ပြီး ၎င်းတို့အနက် (၂)ဦးသာ အသေးစား ဒဏ်ရာ အချို့ကြောင့် ဆေးရုံတွင် ဆက်လက် နေထိုင်ပြီး ကျန်သူများအားလုံး အဆင်ပြေကြောင်း ဟူနန်ခရိုင်၊ ဖန်ဂူအန်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Posted on May 02 13 - 01:22 PM | Hits : 30
တရုတ်တွင် တံတားမတော်တဆမှု ဖြစ်ပွား
တရုတ်နိုင်ငံ အလယ်ပိုင်းတွင် တံတားတစ်ခု မတော်တဆ၌ မတော်တဆ ဖြစ်ခဲ့သော အပျော်ခရီးထွက်သူ (၂၄)ဦးကို တာဝန်ရှိသူများက ကယ်ဆင်ခဲ့ရသည်။ ဗုဒ္ဓဟူးနေ့ ညပိုင်းက တံတားပေါ်မှ လိမ့်ကျသူ (၂၄)ဦးကို မိမိတို့ ကယ်တင်ခဲ့ပြီး ၎င်းတို့အနက် (၂)ဦးသာ အသေးစား ဒဏ်ရာ အချို့ကြောင့် ဆေးရုံတွင် ဆက်လက် နေထိုင်ပြီး ကျန်သူများအားလုံး အဆင်ပြေကြောင်း ဟူနန်ခရိုင်၊ ဖန်ဂူအန်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကမ္ဘာလှည့် ခရီးသည် အများအပြား လာရောက် လည်ပတ်လေ့ရှိသည့် ဖန်ဂူအန်းမြို့တွင် ညဘက် (၉)နာရီကျော်ကျော်၌ မီးပုံပွဲတစ်ခုမှ လူပေါင်း (၄၀)မျှ ပြန်လာခဲ့ပြီး တံတားပေါ် အဖြတ်တွင် တံတားကြမ်းပြင် ကျွံကျသွားခြင်း ဖြစ်သည်။

ကလေးများနှင့် သက်ကြီးပိုင်း အရွယ်များ အပါအဝင် လူ(၂၀)ကျော်မျှသည် (၁.၂)မီတာ အနက်ရှိသော မြစ်ရေထဲ ကျသွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ လူ(၁၅)ဦးမှာ မိမိဖာသာ အားထုတ်ပြီး မြစ်ကမ်းပေါ် ပြန်ရောက်လာနိုင်ခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို မြစ်ထဲတွင် မည်သူမျှ မကျန်ရစ်တော့ကြောင်း သေချာသည်အထိ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မြို့အတွင်း အခြားသော မီးပုံပွဲများကိုလည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ မပြီးမချင်း ခေတ္တ ဆိုင်းငံ့ထားကြောင်း သိရှိရသည်။ တရုတ်တွင် ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် (၃)ရက်ကြာ အားလပ်ရက် သတ်မှတ်ပေးရာ ထိုအချိန်တွင် မိသားစုလိုက်ဖြစ်စေ၊ အပေါင်းအသင်းများနှင့်ဖြစ်စေ အားလပ်ရက် အပန်းဖြေ ခရီးထွက်လေ့ ရှိကြသည်။

Source: Xinhua

0 comments:

Post a Comment