Thursday, May 2, 2013

ငရဲဟူသည်

ကုသိုလ်ကောင်းမှုပြုခွင့်မရသောအရပ်ကိုပါဠိလိုအပါယ မြန်မာလိုအပါယ်ဟုခေါ်၏။ အပါယ်လေးပါးကားငရဲတိရစ္ဆာန် ပြိတ္တာအသူရ ကာယ်တို့ဖြစ်သည်။

ထိုအထဲတွင်ငရဲသည်ဤကမ္ဘာမြေကြီးအောက်ယူဇနာတစ်သောင်းငါးထောင်ကွာသောအရပ်၌ဥမင်လိုဏ်ကြီးသဖွယ်ဖြစ်လျက်သိဉ္ဇိုးငရဲတည်ရှိ၏။ထို့နောက်အဆင့်ဆင့်ယူဇနာတစ်သောင်းငါးထောင်စီကွာခြားလျက်ကာဠသုတ်ငရဲသံဃာတငရဲ ရောရုဝငရဲမဟာရောရုဝငရဲတာပနငရဲမဟာတာပနငရဲအဝီစိငရဲဟူ၍ငရဲကြီးရှစ်ထပ်ရှိသည်။

ထိုငရဲကြီးရှစ်ထပ်တွင်တစ်ထပ်တစ်ထပ်၌ဘင်ပုပ်ကရဲတစ်ထပ် ပြာပူငရဲတစ်ထပ်လက်ပံတောငရဲတစ်ထပ်သန်လျက်ရွက်တောငရဲတစ်ထပ် ကြေးနီရည်တွေစီးနေသောကြိမ်ပိုက်ချောင်း ခေါ် ဝေတ္တရဏီငရဲတစ်ထပ်အားဖြင့်ငရဲငါးထပ်တံတိုင်းခတ်သလိုဝန်းရံထားပါတယ်။

အကျယ်သိလိုပါက သဂြိုဟ်ဘာသာဋီကာ၌လေ့လာနိုင်ပါတယ်။

0 comments:

Post a Comment