ဂေါတမ မြတ်စွာ ဘုရားရှင် ပွင့်တော် မူရာ အိန္ဒိယနိုင်ငံ ဂယာမြို့ ဗုဒ္ဓဂယာရှိ သတ္တ သတ္တာဟ နေရာများ ပုံစံအတိုင်း ထောင့်အရပ်တူ အကွာ အဝေးတူ ပုံစံ တူဖြင့် နေပြည်တော် ဥဒယရံသီ ကုန်းပြင် တော်ပေါ်ရှိ တည်ဆောက် ထားသော သတ္တသတ္တာဟ စေတီတော်အား ပြည်တွင်း၌ ဖူးမြော် ခွင့်ရရှိမည်ဖြစ်၍ စာရေးသူတို့ နည်းတူ အခြားသူ များလည်း များစွာ နှစ်ထောင်းအားရ ဖြစ်ကြမည်ပင်။
စာရေးသူတို့ ရောက်ရှိခဲ့သော မဟာ ဗောဓိ စေတီတော်တွင် ငြမ်းများ ဆင်ထားသည်ကို တွေ့ရသည်။ ထိုငြမ်းများ ပေါ်တွင် ဥာဏလုပ်သား ကြီးများနှင့် တာဝန် ရှိသူများ အလုပ်များ နေဟန် တူသည်။
မေးမြန်းကြည့်တော့ ကဆုန် လပြည့် နေ့တွင် ယင်း မဟာ ဗောဓိ စေတီ တော်အား ရွှေထီးတော်တင် လှူပူဇော် နိုင်ရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် နေကြောင်း သိရသည်။ ကဆုန်လပြည့်နေ့တွင် ''ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း'' ဆိုသည့် အတိုင်း ဘုရားလောင်း သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာ ဘုရား ထံတော်မှ ဘုရား စင်စစ် ဧကန် ဖြစ်လိမ့် မည်ဟု ဗျာဒိတ် တော်ကို ခံယူတော်မူခဲ့သည်။ ထို့အတူ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားကိုလည်း ထိုကဆုန် လပြည့် နေ့တွင် ဖွားမြင်တော် မူခဲ့ပြီး ဘုရား လောင်းတော်နှင့် အတူ ဖွားဖက်တော် မဟာဗောဓိပင်သည်လည်း ထိုနေ့ တွင် ပေါ်ပေါက် လာခဲ့သည်။ အလားတူ ထိုကဆုန်လပြည့်နေ့တွင် မြတ် စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သည်။ ထို့ကြောင့် ယင်း ''ကဆုန် လပြည့် ဗုဒ္ဓနေ့''တွင် ဖူးမြော်ခွင့် ရလိုခြင်း ဖြစ်သည်။ ထိုဗုဒ္ဓ နေ့တွင် ဥာဏ်တော် အမြင့်ပေ ၁၆၂ ပေ ရှိ မဟာ ဗောဓိ စေတီတော် မြတ်အား ရွှေထီးတော်တင်လှူ ပူဇော်ပွဲကို ကျင်းပမည် ဖြစ်သည်။
စာရေးသူတို့ အဖွဲ့လည်း မဟာဗောဓိ စေတီတော်နှင့် သတ္တသတ္တာဟ ခုနစ် ဌာနဖြစ်သည့် အပရာဇိ တပလ္လင်တော်၊ အနိမိသစေတီတော်၊ ရတနာစင်္ကြံတော်၊ ရတနာရွှေအိမ်တော်၊ အဇပါ လညောင် ပင်၊ မုစလိန္ဒာရေအိုင်နှင့် နဂါးရုံဘုရား၊ ရာဇယတန လင်းလွန်းပင် တို့ကို ကြည်ညို သဒ္ဓါ ပွားမှတ်သား ခဲ့ကြသည်။
စာရေးသူ နည်းတူ အခြား ဘုရားဖူး ပြည်သူ များလည်း စိတ်ဝင်တစား လေ့လာ ဖူးမြော် နေကြ သည်ကို သတိ ပြုမိသည်။ မဟာ ဗောဓိ စေတီတော်ကြီး လိုဏ်တော် အတွင်း၌ တည်ထား ကိုးကွယ် ထားသည့် ဗုဒ္ဓ ရုပ်ပွား တော်နှင့် အခြား ရုပ်ပွား တော်များ အပါ အဝင် ဗိသုကာ လက်ရာ များသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ သတ္တ သတ္တာဟ နေရာ များနှင့် တစ်ပုံစံတည်း တူသည်ဟု ဗုဒ္ဓဂယာမှ ဘုရားဖူး ပြန်လာသူ ဘုရားဖူး ပြည်သူ တစ်ဦးက အံ့သြ ဘနန်းဖြင့် ချီးမွမ်းခန်း ထုတ်၍ ပြောဆို နေသည်ကိုလည်း ကြားသိ ခဲ့ရသည်။ ယင်း သတ္တ သတ္တာဟ ဌာနများ တည်ဆောက်ရန် မြန်မာနိုင်ငံမှ အင်ဂျင်နီယာ များနှင့် မြန်မာမှု ပညာရှင် များကို ဗုဒ္ဓ ဂယာသို့ စေလွှတ်ပြီး အသေးစိတ် လေ့လာ တည်ဆောက် ထားခြင်း ဖြစ်ကြောင်း ကိုလည်း တာဝန်ယူ တည်ဆောက် နေသော ကုမ္ပဏီမှ သိရသည်။
မုစလိန္ဒာ အိုင်နှင့် နဂါးရုံ ဘုရားကို ဖူးမြော် ကြည်ညိုရင်း စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦး မြို့နယ် ကန်သစ် ကျေးရွာမှ ဘုရားဖူး ဦးသောင်းလွင်နှင့် စကားလက်ဆုံကြ ပြောဖြစ်ခဲ့သည်။ ''နိုင်ငံတော် အစိုးရက အခုလို ဂေါတမမြတ်စွာ ဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ နေရာများကို အိန္ဒိယ နိုင်ငံသို့သွားစရာမလိုဘဲ အခုလို ပြည် တွင်းမှာ ဖူးခွင့်ရအောင် ပုံစံတူတည် ဆောက်ပေးလို့ ငွေကုန်ကြေးကျသက် သာစွာနဲ့ ဖူးခွင့်ရလို့ ကျေးဇူးတင်ပါ တယ်။ အဘက အသက် ၇ဝ ကျော်ပါ ပြီ။ ဗုဒ္ဓဂယာကို ဘုရားဖူးသွားချင်လို့ အကြိမ်ကြိမ် ဆုတောင်းခဲ့ပါတယ်။ ပြည်ပဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း တွေစုံစမ်းကြည့်တော့ ရှစ်သိန်းလောက် ကုန်မယ်ပြောတယ်။ အဘတို့အနေနဲ့ အိန္ဒိယနိုင်ငံကို သွားနိုင်ဖို့ မလွယ်ပါဘူး။ အခုတော့ ဆုတောင်းပြည့်ပြီပေါ့။ နေ ပြည်တော်မှာ ဖူးလို့ရပြီဆိုတဲ့သတင်း ကြားတာနဲ့ ဦးဦးဖျားဖျားလာဖူးတာပါ။ စီစဉ် တည်ဆောက်ပေးတဲ့ နိုင်ငံတော် အကြီးအကဲတွေကို ကျေးဇူးတင်ပါ တယ်။ အဘတို့လို အိန္ဒိယနိုင်ငံ ဗုဒ္ဓ ဂယာကိုသွားဖို့အခက်အခဲရှိတဲ့သူတွေ အားလုံးကလည်း ကျေးဇူးတင်ကြမှာ ပါ''ဟု ကျေးဇူးတင်ကြောင်း အပြန် အလှန်ပြောဖြစ်ခဲ့သည်။
ဟုတ်ပါသည်။ စာရေးသူသည် ဂေါတမ မြတ်စွာ ဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂယာ အပါအဝင် သံဝေဇနိယလေး ဌာနဖြစ်သော မြတ်စွာ ဘုရား ဖွားမြင်သည့် အရပ်ဖြစ်သည့် လုမ္ဗိနီ ဥယျာဉ်၊ မြတ်စွာ ဘုရား ပွင့်တော်မူရာ ဗောဓိပင်၊ ဗုဒ္ဓမြတ်စွာ ဓမ္မစကြာတရားဦးဟော တော်မူရာ မိဂဒါဝုန်တောနှင့် မြတ်စွာ ဘုရားပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံဒေသ များသို့ ပြည်ပ ဘုရားဖူး ခရီးစဉ် အဖြစ် သွားရောက် ဖူးမြော်ခဲ့ခြင်း မရှိဘူးပါ။ ယခု နေပြည်တော် ဥဒယရံ သီကုန်းတော် ပေါ်၌ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက် တွင် ပန္နက်တော် တင်တည်ဆောက်ခဲ့ သော သတ္တ သတ္တာဟ ခုနစ် ဌာနကို လွယ် လင့်တကူ စရိတ် စက အကုန် အကျ သက်သာ စွာဖြင့် ဖူးမြော်ခွင့် ရရှိ၍ ကြည်နူး ခဲ့ရသည်။ စိတ်သာလျှင် အဓိကဖြစ်၍ အနယ်နယ် အရပ်ရပ်ရှိ ဘုရားဖူး ပြည်သူများလည်း စိတ်အေး ချမ်းမှုကို ပေးစွမ်းနေသည့် နေပြည်တော်က သတ္တ သတ္တာဟခုနစ်ဌာနသို့ သွားရောက်ဖူး မြော်နိုင်ကြရန် တိုက်တွန်းလိုက်ရပါ သည်။ ။
မြဝတီ

0 comments:
Post a Comment