Thursday, May 23, 2013

မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရမည့် ကဏ္ဍများစွာ ကျန်ရှိနေသေး"

သမ္မတဦးသိန်းစိန်ရဲ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေအပေါ်အမေရိကန်သမ္မတ အိုဘားမားက အမွှန်းတင် ချီးကျုး ဂုဏ်ပြုခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်လို့တော့ ချီးကျုးဖို့ စောနေသေးတယ်လို့ နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ ( CPJ ) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ရဲ့ အရပ်သားတပိုင်း အစိုးရ တက်လာပြီးတဲ့နောက် အရင် စစ်အစိုးရလက်ထက် ဖမ်းဆီးထောင်ချထားခဲ့တဲ့ သတင်းထောက်တွေအားလုံး ပြန်လွှတ်ပေးခဲ့ပြီး၊ အင်တာနက် ဆက်သွယ်ရေးအပေါ် ဖိနှိပ်ထားတွေကိုလည်း ရုတ်သိမ်းခဲ့ပါတယ်။အစိုးရသစ်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေထဲမှာ အမြင်သာဆုံးကဏ္ဍ ဟာ သတင်းမီဒီယာလို့ပြောနိုင်ပါတယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းမှာတော့ မမြင်သာတဲ့ ထိန်းချုပ်မှုတွေရှိနေပါတယ်၊ အဲဒီ မူကြမ်းမှာ လက်ရှိဥပဒေတွေကို မဝေဖန်နိုင်အောင်လုပ်ထားတဲ့ လမ်းညွှန်မှုတွေအပါအ၀င်ေ၀၀ါးပြီး၊ မတိကျလှတဲ့ စည်းကမ်းတွေ ဟာ စာနယ်ဇင်းသမားတွေကို ဖိနှိပ် ထောင်ချပစ်နိုင်တဲ့ အရင်က ဥပဒေတွေအပါအ၀င် တရားဥပဒေပြုပြင် ပြောင်းလဲရေး ရှေ့မရောက်ဘဲ ဖင့်နှေးနေတာကို ပြသနေပါတယ်။ အဲဒီဥပဒေမူကြမ်းကို မတ်လအတွင်း ဥပဒေအဖြစ် တည်ပြုနိုင်အောင် အစိုးရ၀န်ကြီးတွေက ကြိုးပမ်းခဲ့ကြပေမယ့် သတင်းထောက်တွေနဲ့ စာနယ်ဇင်းအဖွဲ့တွေရဲ့ ခုခံမှုတွေကြောင့် ဇွန်လမှာ ဆုံးဖြတ်ဖို့ဖြစ်သွားခဲ့ပါတယ်။ တကယ်လို့ အဲဒီဥပဒေမူကြမ်း လက်ရှိအတိုင်း အတည်ဖြစ်သွားမယ်ဆိုရင်၊ သတင်းလွတ်လပ်ခွင့် နဲ့ စာနယ်ဇင်း သမားများကာကွယ်ရေးအတွက် မြန်မာ့စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ မီဒီယာဥပဒေမူကြမ်း ထိခိုက်သွားလိမ့်မယ်လို့ မြန်မာ သတင်းသမားတွေ ယုံကြည်နေကြကြောင်း သတင်းထောက်များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ ( CPJ ) က ပြောဆိုပါတယ်။

အလားတူ နယူးယောက်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) ကလည်း မြန်မာနိုင်ငံမှာ ဆောင်ရွက်စရာတွေ အပြီးမသတ်သေးဘဲ လုပ်စရာတွေအများအပြားကျန်ရှိနေဆဲဖြစ်ကြောင်း၊ လူ့အခွင့်အရေး အခြေအနေ၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ စိတ်ချယုံကြည်ရမှု စတာတွေ ပေါ်ပေါက်မလာ သေး ကြောင်း၊ မြန်မာနိုင်ငံရဲ့ လတ်တလော အချိန်ဟာ သမ္မတ အိုဘားမားအတွက်ရော၊ အမေရိကန်အစိုးရ အတွက် ပါ ရည်၇ွယ်ထားတဲ့လုပ်ငန်း ပြီးမြောက်အောင်မြင်သွားပြီ ဆိုတဲ့ အခိုက်အတန့်မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။

0 comments:

Post a Comment