Wednesday, May 15, 2013

ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်

ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်

၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ စားခဲ့ပြီးတဲ့ညနေစာကလည်း တအားကြီးစားတာမျိုးမဟုတ်ဘဲအိပ်ပျော်မူကို အားပေးတဲ့ သကြားနဲ့  ကစီဓာတ်ပါတဲ့ ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း အစားအစာမျိုးကိုပဲ စားဖို့လိုအပ်တယ်

၂- အိပ်ရာမ၀င်ခင် ၄နာရီအတွင်းမှာစိတ်ရောကိုယ်ရောပါ ပင်ပန်းစေမယ့် ပြင်းပြင်းထန်ထန်အလုပ်မျိုးမလုပ်ပါနဲ့ ။


၃- ကဖိန်း(Caffeine )ဓါတ်ပါတဲ့ကော်ဖီကို တစ်နေကုန်သောက်နေပေမယ့် ညနေ ၄နာရီနောက်ပိုင်းမှာမသောက်ရင် အကောင်းဆုံးပါပဲ။

၎- ည ၉နာရီ၊ ၁၀နာရီ ပတ်ဝန်းကျင်လောက်မှာ အိပ်ချင်လာရင် ဘာမှစဉ်းစားမနေနဲ့ တော့။ အိပ်ပစ်လိုက်ပါ ။

၅- အိပ်ရာဆိုတာ အိပ်ဖို့ အတွက်၊ နှစ်ကိုယ်တူယှဉ်တွဲဖို့ အတွက်ပါပဲ ။ ဒါကြောင့် အိပ်ရာပေါ်မှာအစာ လည်းမစား နဲ့ ။ကွန်ပြူတာ အသေး (Laptop)လေး လဲ မယူသွားနဲ့ ။အခြားအလုပ် လုပ်ဖိုလည်းမစဉ်းစားပါနဲ့ အိပ်ဖို့  သက်သက်ပါပဲ။

၆- အိပ်ချိန်မှာ စိတ်ငြိမ်းချမ်းမူကို ဖန်တီးထားပါ။သူရဲ ၊ တစ္ဆေ၀တ္တုဖတ်တာမျိုး ၊ကြောက်စရာကောင်းတဲ့ VCDဖွင့်ကြည့်တာမျိုးကို ရှောင်ပါ။

၇- မအိပ်ခင်မှာ ကိုယ့်ပတ်ဝန်းကျင်ဟာလည်း အေးချမ်းငြိမ်သက်ပြီး နားနေစရာကောင်းဖို့ လိုပါတယ်။ကိုယ့်အတွက် သက်သောင့် သက်သာရှိရပါမယ်။

၈- အိပ်ရာနံဘေးမှာ ပန်းချီကားချိတ်ရင်လည်း အရောင်ဖျော့ဖျော့နဲ့ သိမ်မွေ့ နက်နဲတဲ့ ပန်းချီကားမျိုးပဲချိတ်မယ်

။ဒီဇိုင်း ခပ်ဆန်းဆန်း ၊ခပ်ရှုပ်ရှုပ် အရောင်ကလည်း တောက်ပနေတဲ့ ပန်းချီကားဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်မှာ။

၉- အိပ်ရာဝင်ရင် ၀တ်တဲ့အ၀တ်ဟာ ကိုယ်နဲ့ သက်သက်သာသာ ၊ချောင်ချောင်ချီချီ ရှိ ၊ မရှိ သတိထားရမယ်။ချည်အပျော့စားနဲ့  ရက်လုပ်ထားတဲ့ အ၀က်ကို ၀တ်အိပ်ရင် အသက်ရှုရတာရော ၊အသားနဲ့ ထိကပ်နေတာရောဟာ သက်သောင့်သက်သာ ရှိတယ်၊ ည၀တ်ဂါဝန် အရှည်ကြီး ၀တ်အိပ်ရင်တော့လှတယ်ဆိုပေမယ့် မကြာခဏ ရှုပ်ထွေးတာတို့ ၊ တွန့် လိမ်ကြေမွတာဖြစ်နေရင်စိတ်အနှောက်အယှက်ဖြစ်စေတာပေါ့။

၁၀- တချို့ ကမအိပ်ခင်နှိပ်တာတို့ ၊ ပူနွေးတဲ့အရည်တစ်ခုခုသောက်တာတို့ ၊ရေနွေးလေးနဲ့ ရေချိုးလိုက်တာတို့ဟာ ပိုပြီးအိပ်ပျော်စေတယ် လို့ ဆိုတယ်နော် ၊ အချို့ သိပ္ပံ ပညာရှင်တွေကတော့ ဒါကို သိပ်ပြီးလက်မခံကြပါဘူး။နိပ်တာ ရေချိုးတာတွေလုပ်တဲ့အခါမှာ တချို့ ကအကြော အခြင်လျှော့ပြေစေ တဲ့ ရေမွှေနံ့ သာ ဆီတွေနဲ့ လမ်းကျံနှိပ်နယ် ရေချိုးတက်ကြတယ်။ တချို့ ကလည်း အထူးစီမံဖော်စပ်ထားတဲ့ နာမည်ကြီး တံဆိပ်ရေမွှေး နံသာဆီတွေကို သုံးကြသေးတယ်။ ဒါတွေက အိပ်ပျော်အောင် အထူးစီမံဖော်စပ်ထားတာပါတဲ့။

၁၁- သင်ဟာ အသံကြောင့် အအိပ်ဆက်တက်ပါသလား။ အဲဒါဆိုရင် အသံဗလံတွေကို ယဉ်လာဖို့  လေ့ကျင့်ယူရမယ်။ လေတိုက်တဲ့အသံဟာ ထူးထူးခြားခြား အသံမဟုတ်ပေမယ့် ကားသံလူသံတွေကိုဖုံးလွှမ်းသွားတက်တယ်။ (ကြိုက်တက်ရင်) ညင်ညင်သာသာရှိတဲ့ ကလေးချော့ သီးချင်းမျိုး လိုသီးချင်းစီဒီဓါတ်ပြားဖွင့် နားထောင်ရင်းအိပ်လိုက်ပေါ့ ။

၁၂- တကယ်လို့  ကိုယ့်အိပ်ခန်းအပြင်က မီးအလင်းရောင်ဟာ ကိုယ့်အခန်းကို ထိုးဖောက်ဝင်ရောက်နေရင်ခန်းဆီးထူထူနဲ့  ကာရင်ကာ၊ မျက်လုံးကာ အဖုံးလေး (Sleep Mask)နဲ့ အိပ်ပါ။

၁၃- ကိုယ်မြတ်နိုးနှစ်သက်တဲ့ ပစ္စည်းတစ်ခုခု၊ အရုပ်ကလေးတစ်ရုပ်ရဲ့ အနံ့ အသက် ၊ အထိအတွေ့ သို့ မဟုတ်အသံလေးတစ်ခုခုကို ရှူနေ၊ ထိနေ၊ ကြားနေရမှ အိပ်ပျော်မယ်ဆိုရင် အဲဒီ အရုပ် သို့ မဟုတ် ပစ္စည်ကိုအိပ်ရာဆီယူသွားပါ။ ( မောင်.........မောင် တမောင်မောင်နဲ့  သိပ်ခေါ်ရမှ အိပ်ပျော်မယ့် အဖြစ်မျိုး ဆိုတဲ့
သီးချင်းထဲက လိုမျိုးလေ)

၁၄- ကြောင်၊ ခွေး စတဲ့ အိပ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ ကောင်းသလောက် လူအိပ်တဲ့နေရာမှာတော့တော်တော်လေးကို အနှောက်အယှက်ဖြစ်ေ စပါ တယ် ။ အထူးအဖြစ် အဲဒီတိရစ္ဆာန်လေးတွေဟာဒေါသထွက်လာရင် လူတွေ ကို တော်တော်က သိကအောက်ဖြစ်စေတက်ပြီး သူတို့ ရဲ့ကိုယ်က အမွေးအမျှင်တွေဟာလည်း လူအတော်တော်များများကို (Allergic)ဖြစ်စေ တက်လို့ မနှစ်မြို့သူများ ဝေးဝေးရှောင်ပြီးအိပ်ပါ။

၁၅- နောက်ဆုံးတစ်ချက်ကတော့ အိပ်ခန်းထဲမှာ မကောင်းတဲ့အနံ့အသက်( ဥပမာ-မှိုနံ့ ၊ သိုးနံ့ နဲ့ ဖုန်နံ့  )တွေရှိရင်တော့ အိပ်လို့ ရမှာ မဟုတ်ဘူး။ ဒီလေသန့် စင်စက်ရဲ့ တ၀ီဝီမြည်သံလေးကပဲနံဘေးပတ်ဝန်းကျင်ကဆူညံသံတွေကို ဖုံးလွှမ်းပေးသွားတက်ပြီး အိပ်ကောင်းခြင်းကို မိတ်ဆွေရောက်ပါလိမ့်မယ် ။ ။

0 comments:

Post a Comment