Thursday, May 9, 2013

၂၆နှစ်ကြာ နည်းပြခဲ့ပြီးနောက် မန်ယူကို ဖာဂူဆန် ကျောခိုင်းတော့မည်

မန်ယူကို ၂၆နှစ်ကြာ နည်းပြခဲ့တဲ့ ဖာဂူဆန်ဟာ အခုရာသီ အကုန်မှာ ရာထူးကနေ အနားယူတော့မှာပါ။ သူဟာမန်ယူနည်းပြဘ၀မှာ ဖလား ၃၈လုံး ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၁၃လုံး၊ ချန်ပီယံလိဂ် ဖလား ၂လုံး၊ အက်ဖ်အေ ဖလား ၅လုံး၊ ကားလင်း ဖလား ၄လုံး၊ ကွန်မြူနတီဒိုင်း ၁၀ကြိမ်၊ ယူအီးအက်ဖ်အေ ရှုံးထွက်ဖလား ၁လုံး၊ ယူအီးအက်ဖ်အေ စူပါဖလား ၁လုံး၊ အင်တာကွန်တီနန်တယ် ဖလား ၁လုံး၊ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ ဖလား ၁လုံး ရရှိခဲ့တာပါ။

တင်ပါးစုံရိုး ခွဲစိတ်ကုသမှု ပြုလုပ်ရမှာမို့ လာမယ့်ရာသီအစမှာ အနားယူမယ်ဆိုတဲ့ သတင်းအရင်ထွက်ခဲ့ပေမယ့် အခုအခါမှာတော့ ဖာဂူဆန်ဟာ တရားဝင် အနားယူသွားခဲ့ပြီး ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးကလည်း ဖာဂူဆန် အနားယူသွားတဲ့အတွက် ဂုဏ်ပြုစကားတွေ ၀ိုင်းပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ဖာဂူဆန်ကတော့ အနားယူဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရပြီး အနားယူဖို့အချိန် ရောက်လာ တာကြောင့်သာ မန်ယူကို ကျောခိုင်းခဲ့ရတာလို့ ဆိုပါတယ်။

ဖာဂူဆန် အနားယူသွားတဲ့အတွက် ရာသီကုန်ရင် နည်းပြသစ်တစ်ဦး အစားထိုးဖို့ ပြင်နေတဲ့ မန်ယူဟာ အဲဗာတန်နည်းပြ မိုရက်စ်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ဒါပေမဲ့ ဖာဂူဆန်ကတော့ လက်ရှိဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ အသက်အရွယ်ပိုင်း၊ လူငယ်စီမံကိန်း စတာတွေကြောင့် မန်ယူဆက်အောင်မြင်မှာ သေချာတယ်လို့ သုံးသပ်ခဲ့ပါတယ်။

0 comments:

Post a Comment