Monday, May 6, 2013

*ပြောချင်လွန်းလို့ *

>> မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။

>> မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည်

>> မြန်မာစကားအလွန်တတ်ချင်သဖြင့်

>> အမြဲလေ့ လာလျက်ရှိသည်။ နေ့ စဉ် အရပ်သုံးမြန်မာစကားများကို လေ့ လာကျက်မှတ်သည့်အပြင်

>> အိတ်ဆောင်မှတ်စုစာအုပ်လေးဖြင့် လည်း မြန်မာစကားအသံထွက်များကို

>> ဂျပန်လိုရေးမှတ်ထားလေ့ ရှိသည်။

>> တစ်နေ့ တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီလျှက်....မြို့ထဲသို့ထွက်လာစဉ်

>> လမ်းလျှောက်လာသော

>> မြန်မာတစ်ယောက်ကို မမျှော်လင့် ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။

>> အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း

>> ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါလဲကျသွားသည်။ ထိုအခါ လဲနေရာမှ ချက်ချင်းထကာ

>> သူ၏.... မှတ်စုစာအုပ်ကို

>> ထုတ်လျှက် စာရွက်များကိုအပြင်းအထန်လှန်နေသည်။ ကိုရွှေမြန်မာမှာမူ သူ့ကိုရေးမှတ်ကာဖမ်းဆီးမည်

>> ထင်ပြီး ကြောက်လန့် နေ၏ ။

>> သို့ သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်  ၍ အားရပါးရအော်လိုက်သံကို

>> ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထားရလေသည်။

>> ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော အောင်မလေးဗျ ဟူသတည်း။

ရီမောပျော်ရွှင်ပါစေ....ကိုလုံ

(ပြန်လည်တင်ပြသည်)


0 comments:

Post a Comment