ယေဘုယျအားဖြင့်လူတစ်ဦးသည်တစ်နေ့လျှင်အနည်းဆုံးရေ၁၅၀၀cc သောက်သင့်သည်။ နှလုံးနှင့်ကျောက်ကပ်ဆောက်ရွက်အား
နည်းသူများမှအပ ရေကိုလုံလောက်စွာသောက်သင့်သည်။အထူးသဖြင့်ပူသောသို့မဟုတ် လေအေးစက်ဖွင့်ထားသော နေအိမ်
နှင့်ရုံးခန်းများတွင်လေထုခြောက်ကပ်သောကြောင့်ရေကိုပိုမိုသောက်သင့်သည်။ ရေကိုမကြာခဏသောက်သုံးသင့်သော်လည်း
တစ်ကြိမ်တည်းအလွန်အမင်းသောက်သုံးခြင်းမပြုသင့်ပေ။
မသောက်သင့်သောရေ ၅ မျိုး
၁။မီးဖိုပေါ်တွင်အချိန်ကြာမြင့်စွာဆူပွက်အောင်ထားသည့်ရေနွေး
၂။ဓာတ်ဘူးထဲတွင်ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
၃။အကြိမ်ကြိမ်ဆူပွက်အောင်ကျိုထားသောရေနွေး
၎။တစ်ညလွန်ထားသောရေနွေးကိုထပ်ကျိုထားသောရေနွေး
၅။ထမင်း ဟင်း ပေါင်းခံရည်
ထိုရေများသည်အကြိမ်ကြိမ်ဆူပွက်ထားသောအခါကယ်လစီယမ်မဂ္ဂနီဆီယမ်ကလိုရင်းနှင့်အခြားသတ္တုများပိုမိုတိုးလာပြီး ကျောက်ကပ်ကို
ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
0 comments:
Post a Comment