Monday, May 20, 2013

မောင်တောမြို့နယ် စည်ပင်လိုင်စင်ပေါ်လစီအား (၀ံနှစ်ပါး နှင့် ကုလားများက) “အနုကြမ်းစီး” သွားခဲ့

ယနေ့ တနင်္ဂနွေနေ့ ၂၀၁၃-ခုနှစ် မေလ (၁၉) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ပါး ဦးဆောင်ကာ မောင်တောမြို့တွင် မြန်မာနိုင်ငံသား မဟုတ်သူ ကုလားများကို စည်ပင်အခွင့်အရေးဆိုင်ရာ လိုင်စင်များချပေးခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ချပေးခြင်းသည် ၅/၉၃ အရ နိုင်ငံသားမဟုတ်သူများ ကိုလည်း ယခုကဲ့သို့စည်ပင်အခွင့်အရေးဆိုင်ရာ လိုင်စင်များချပေးပိုင်ခွင့်ရှိသည် ဟု ဆိုကာ ချပေးခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။

“၅/၉၃ ဆိုတာ အရင် စစ်အစိုးရလက်ထက် ၁၉၉၃-ခုနှစ်မှာ ထုတ်ပြန်တဲ့ ဒေသန္တရ ဥပဒေတစ်ခုခုဖြစ်ပုံရတယ်။ ကြိုသွင်းရမယ့် POP ကို ကြိုသွင်းတာမျိုး မဟုတ်ဘဲ ရုံးပိတ်ရက်ကြီးမှာ အစိုးရဘဏ်ကိုဖွင့်ခိုင်း၊ ငွေသွင်းခိုင်းပြီး၊ ချက်ချင်း လိုင်စင်ချပေးလိုက်တာမျိုးကတော့  အရုပ်ဆိုးလွန်းအားကြီးတယ်” ဟု မောင်တော ဒေသခံတစ်ဦးက Coral Arakan News အား ပြောကြားသည်။

ထိုသို့ ကုလားများကို စည်ပင်လိုင်စင်ချပေးရာတွင် တနင်္ဂနွေနေ့ဖြစ်သော်ငြားလည်း အစိုးဘဏ်ဝန်ထမ်းများကို ဘဏ်သို့ လာခိုင်းကာ ကြမ်းခင်းဈေးတစ်ဝက် ကြိုတင်သွင်းငွေ POP များသွင်းခြင်းကို လက်ခံခိုင်းခဲ့သည် ဟု ဆိုသည်။ အစိုးရ ရုံးပိတ်ရက် ဖြစ်သော တနင်္ဂနွေနေ့ ရက်စွဲဖြင့်ငွေသွင်းခွင့်ပြုခြင်းလား နောက်တစ်နေ့ ရုံးဖွင့်ရက် တနင်္လာနေ့ရက်စွဲဖြင့် ငွေသွင်းခိုင်းခြင်းလား ဆိုသည်ကို သဲသဲကွဲကွဲ မသိရပေ။

အဆိုပါဝန်ကြီးနှစ်ပါးအနက် တစ်ဦးဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်စံရွှေမှာ မကြာသေးခင်က ခန့်အပ်လိုက်သော ပြည်နယ်ဝန်ကြီး အသစ်စက်စက် ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သည်။

နောက်ဝန်ကြီးတစ်ပါးဖြစ်သည့် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီဝင်တစ်ဦး ဖြစ်သော်လည်း ရခိုင်ဝန်ကြီးချုပ် ဦးလှမောင်တင် က ခိုင်းလျှင် RNDP အမတ်များအားလုံးက ဆန့်ကျင်သည့် အဆိုကို အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လွှတ်တော်တွင် တင်သွင်းပေးသူဖြစ်သည်။

ပြီးခဲ့သည့် သင်္ကြန်မတိုင်မီက ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းပြီး RNDP အမတ်များ အားလုံးသာမက ပြည်ခိုင်ဖြိုးအမတ် အချို့ကပါကန့်ကွက်မဲပေးခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရသော ရေဂွင်လုပ်ကွက်များကို ယခင်အတိုင်း ငါးဖမ်းခွင့် အခွန်ကောက်ခံရေး အဆိုကို ရခိုင်ပြည်နယ်အစိုးရ ကိုယ်စား စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါဝန်ကြီးနှစ်ဦးသည် မနက်ဖြန် မေလ (၂၀)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်သို့ ခရီးဆက်ကာ ဘူးသီးတောင် စည်ပင်လိုင်စင်များကို အနုကြမ်းစီးကာ ကုလားများကို ပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဦးမည် ဟု ဆိုသည်။

ဘူးသီးတောင်တွင် ဆယ်စုနှစ်များစွာ ကုလားများက စည်ပင်လိုင်စင်များကို လက်ဝါးကြီးအုပ်ဆွဲထားခဲ့ရာမှ ယခုနှစ်တွင် မြန်မာနိုင်ငံသားမဟုတ်သူများကို စည်ပင်လိုင်ဝင် ချထားပေးခြင်း မပြုရန် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အခြား ဥပဒေ အကြောင်းအချက်များအရ ဘူးသီးတောင်ဒေသခံများက ကန့်ကွက် အရေးဆိုသွားမည်ဟု Coral Arakan News အား ဒေသခံ တိုင်းရင်းသားများက ပြောကြားသည်။

0 comments:

Post a Comment