Friday, May 17, 2013

အားနည်းချက်ကြောင့် သွေးပွဲစားပြုလုပ်သူများရှိလာ

ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ သွေးထုတ်ပေးမှုပုံစံ အားနည်းချက်များရှိနေသည့် အတွက်သွေးပွဲစားများ ရှိလာခြင်းဖြစ်သည်ဟု သွေးလှူဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။ 

“သွေးဘဏ်ကတော့ လူနာရှင်တွေကိုယ်တိုင်လာဖို့ ပြောထားပေမယ့် နယ်လူနာရှင်တွေက ကိုယ်တိုင် မလာနိုင်လို့ လူစားလွှတ်တာတွေရှိတယ် နယ်ကလူတွေဆိုတော့ နေရာမကျွမ်းကျင်တော့ ပွဲစားလက်ပဲ အပ်ရတာပဲ ပွဲစားခကလည်း သူတို့ပါးစပ်ထဲမှာပဲ အနည်းဆုံး တစ်သောင်း ကနေ  နှစ်သာင်းလောက် ထိ ပေးရတယ် ” ဟု ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

သွေးလှူဒါန်းရာ၌ သွေးလှူအဖွဲ့များကလည်း လူနာရှင်များထံသို့ တိုက်ရိုက်လာရောက် လှူဒါန်းပေးနေ သော် လည်း သွေးလိုအပ်ချက်များပြား လွန်းသည့်အတွက် သွေးပွဲစားများမှာ ဈေးကွက်တစ်ခုသဖွယ် အလုပ်ဖြစ်နေခြင်းဖြစ် သည်ဟု ၎င်းက ဆက်ပြောသည်။

“ ပိုက်ဆံတောင်းတယ်လို့ သတင်းကြားလို့ ဆရာမကြီးက လူနာရှင်တွေကို ကိုယ်တိုင်လာထုတ်ဖို့ ပြော ထားတာပဲ ဒါပေမယ့် လူနာရှင်တွေ ကိုယ်တိုင်က ကြားခံလူတွေလွှတ်တာ တစ်ချို့ကလည်း နယ်က လာတဲ့ လူတွေဆိုတော့ ကြားခံလူ(ပွဲစား)နဲ့လုပ်ကြတယ် ကျွန်မတို့ကတော့ သွေးတောင်းတဲ့ ဘောင်ချာ စာရွက်ပါမှ ထုတ်ပေးတာပါ ” ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူနာရှင်များထံသို့ လိုအပ်သောသွေးများကို အခမဲ့ သွေးလှူဒါန်းခြင်းဖြစ်ပြီး သွေးထည့်ရန် အိတ်နှင့် သွေးကို ရောဂါပိုးရှိမရှိစစ်ဆေးခသာ ကောက်ခံကြောင်း ၊ပြင်ပဆေးရုံများမှလည်း သွေးလိုအပ်၍ ၎င်းတို့ထံ ဆက်သွယ်ပါက သွေးလှူဒါန်းပေးကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ သွေးထည့်ရန် အိတ်တစ်လုံးအတွက် ငွေကျပ်(၃၀၀၀)နှင့် (၄၀၀၀)ပေးရပြီး၊ အသည်းရောင် အသားဝါ(B)ပိုး၊(C)ပိုးနှင့် HIV၊ ကာလသားရောဂါအတွက် ဆေးစစ်ဆေးခ (၃၅၀၀)ကျပ် စုစုပေါင်း (၇၀၀၀)၀န်းကျင် ပေးရသော်လည်း ပြင်ပဆေးရုံများ၌ သွေတစ်အိတ် ၀ယ်ယူပါက ကျပ်(၄)သောင်းနှင့်အထက် ပေးနေရကြောင်း သိရသည်။

“အရေးပေါ်အသက်ကယ်သွေးက အမြဲလိုအပ်နေတာပါ သွေးလိုအပ်ချက်ရှိနေတဲ့ လူနာတွေကို မိမိရဲ့အသက် မွေးဝမ်းကြောင်းအတွက် လုပ်စားနေတဲ့လူတွေကို(ပွဲစား)မနှစ်မြို့ဘူး၊ အဲလိုလူမျိုးတွေ ဆက်ရှိနေ မယ်ဆိုရင် သွေးအလှူရှင် သွေးလှူဖို့ စိတ်ပျက်သွားနိုင်တယ် သွေးပွဲစားတွေကိုလည်း အပြစ်တော့ မတင်ချင်ပါဘူး ဒါပေမယ့် ဒီလိုမျိုးဆက်မလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု BG သွေးအလှူရှင်အဖွဲ့မှ ကိုညီက ပြောသည်။ 


0 comments:

Post a Comment