Saturday, May 18, 2013

ဒီဇိုင်းအမျိုးမျိုးနဲ့စားချင်စရာဂျပန် ဘန်တို Bento များ

May 18, 2013




ဘန်တို(Bento) ဟူသည် ဂျပန်စားစရာများတွင် လူကြိုက် များသော နေ့လယ်စာတစ်မျိုးဖြစ် ပြီး ထမင်းနှင့်ငါးသို့မဟုတ်အသား ပါဝင်ကာချက်ပြုတ်ထားသော အခြားအသီးအရွက်များလည်း ပါဝင်သည်။ ဂျပန်အိမ်ရှင်မများ သည်လည်း၎င်းတို့၏ခင်ပွန်းသည် နှင့် သားသမီးများဖြင့်အတွက် ဘန်တို နေ့လယ်စာယွန်းဘူးများကို အချိန်ပေးကာဂရုတစိုက်ပြင်ဆင် ပေးတတ်ကြသည်။ ယနေ့ခေတ် တွင် နေ့လယ်စာဘန်တိုဘူးများ ကို ဂျပန်နိုင်ငံတွင်စားသောက် ဆိုင်များ၊ ကုန်တိုက်များ၊ ဘန်တို ဆိုင်များစသောနေရာတော်တော် များများ၌အလွယ်တကူဝယ်ယူ နိုင်ပြီး ပိုမိုပေါ့ပါးသောထုပ်ပိုးမှု ပုံစံဖြင့် စားချင်စဖွယ်ဒီဇိုင်းပုံစံအမျိုး မျိုးထွင်ကာရောင်းချလာကြသည်။ များသောအားဖြင့် ဂျပန်ကာတွန်း ဇာတ်ကောင်အမျိုးမျိုး၏ပုံများ၊ ကစားစရာအရုပ်များ၊ တိရစ္ဆာန် များစသည်ဖြင့် ဘန်တိုပုံစံအမျိုးမျိုး ကို တွေ့ရသည်။ ထိုသို့သော ဘန်တိုမျိုးကိုdk kyatabenသို့မဟုတ် “ရုပ်စုံဘန်တို” ဟုခေါ်ဆိုကြသည်။ ထိုဒီဇိုင်းအမျိုးမျိုးဖြင့် စားချင်စရာ ဂျပန်ရုပ်စုံ ဘန်တို (Bento) များ ကို ပရိသတ်များ ခံစားကြည့်နိုင် ရန် တင်ပြပေးလိုက်ပါသည်။

0 comments:

Post a Comment