မန်ချက်စတာ ယူနိုက်တက် အသင်းသည် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တစ်ကျော့ပြန် ခေါ်ယူရေး ကြိုးပမ်း နေဆဲဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။
ပြင်သစ်ထိပ်သီး PSGအသင်းသည် ရာသီကုန်တွင် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်သမားကို ရီးယဲလ်မက်ဒရစ်ထံမှ ဝယ်ယူရန် ကြိုးပမ်းနေသလို မန်ယူကလည်း ၎င်းတို့၏ ကစားသမားဟောင်းကို အိုးလ်ထရက်ဖို့ဒ်သို့ တစ်ကျော့ပြန် ခေါ်ယူရေး လုပ်ဆောင်လျှက် ရှိနေကြောင်း သိရှိရသည်။ အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုသည် မန်ယူတွင် (၆)နှစ်ကြာ ကစားပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့်နောက် (၂၀၀၉)ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ရာသီအစပိုင်းက ရီးယဲလ်တွင် မပျော်ရွှင်လောက်စရာ အခြေအနေများ ရှိနေကြောင်း ဝန်ခံခဲ့သည်။
မန်ယူသို့ ရော်နယ်လ်ဒို ပြန်လာရေးသည် အမြဲလိုလို တည်ရှိသော ထင်ကြေးတစ်ခု ဖြစ်နေသည့်တိုင် မန်ယူမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင်ကမူ ယင်းသည် ခက်ခဲလွန်းကြောင်း ပြောဆိုခဲ့ဖူးသည်။ The Sunကမူ ယခုအခါ မန်ယူသည် ရော်နယ်လ်ဒိုအတွက် ပေါင်စတာလင် (၆၅)သန်းအပြင် ကစားသမားတစ်ဦး အလိုက်ပေး ကမ်းလှမ်းကာ PSGကို ယှဉ်ပြိုင်ရန် စိတ်ဝင်စားနေကြောင်း ဖော်ပြလာခဲ့သည်။ ယင်းကစားသမားသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရေး အဆင်မပြေ ဖြစ်နေသည့် ပေါ်တူဂီ လက်ရွေးစင် လူးဝစ်နာနီ ဖြစ်နိုင်ခြေ ရှိကြောင်းလည်း The Sunက ဆိုသည်။
ရော်နယ်လ်ဒိုအတွက် PSGက ကြားဝင်ကမ်းလှမ်းလာနိုင်တဲ့ အခြေအနေမျိုးကို မန်ယူက မပျော်နိုင်ပါဘူး။ ဒါပေမဲ့ အလျှော့ပေးမယ်တော့ မထင်ဘူး။ အနည်းဆုံး ရော်နယ်လ်ဒိုရဲ့ အေးဂျင့်ကို သူတို့အနေနဲ့ ရော်နယ်လ်ဒိုကို ပြန်ခေါ်ချင်ကြောင်းတော့ ပြောထားလောက်ပြီ...
မန်ယူအသင်းနှင့် နီးစပ်သူ တစ်ဦးက "ရော်နယ်လ်ဒိုအတွက် PSGက ကြားဝင်ကမ်းလှမ်းလာနိုင်တဲ့ အခြေအနေမျိုးကို မန်ယူက မပျော်နိုင်ပါဘူး။ ဒါပေမဲ့ အလျှော့ပေးမယ်တော့ မထင်ဘူး။ အနည်းဆုံး ရော်နယ်လ်ဒိုရဲ့ အေးဂျင့်ကို သူတို့အနေနဲ့ ရော်နယ်လ်ဒိုကို ပြန်ခေါ်ချင်ကြောင်းတော့ ပြောထားလောက်ပြီ"ဟု မှတ်ချက်ပြုခဲ့သည်။ ကာတာ ဘီလျံနာ သူဌေးများ၏ ကျောထောက်နောက်ခံ ဓနအင်အားကြောင့် ဘောလုံးလောကတွင် ကစားသမားကောင်းများကို ဈေးကြီးပေး ခေါ်ယူလေ့ရှိသည့် PSGသည် ရာသီကုန်တွင် ရော်နယ်လ်ဒိုအတွက် အလေးအနက် ချဉ်းကပ်လာဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
Ref: The Sun
0 comments:
Post a Comment