Tuesday, April 30, 2013

ပရိသတ် အမြင် မကြည်မည် စိုးသဖြင့် ဥမင်ထဲတွင်မှ ဗန်ပါစီနှင့် ဂျာစီချင်း လဲလှယ်ခဲ့သည့် ဝဲလ်ကော့တ်




Tuesday, 30 April 2013 18:13

မန်ချက်စတာ ယူနိုက်တက်နှင့် ကစားခဲ့သော ပွဲစဉ်တွင် အာဆင်နယ် တောင်ပံ တိုက်စစ်မှူး သီအိုဝဲလ်ကော့တ်သည် ပရိသတ်များ အမြင်မကြည်မည်ကို စိုးရိမ်သဖြင့် ရော်ဘင်ဗန်ပါစီနှင့် ဂျာစီလဲမှုအား ဥမင်ထဲတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဗန်ပါစီသည် နွေရာသီက အာဆင်နယ်ကို စွန့်ခွာကာ ခါးသီးပြိုင်ဘက် မန်ယူနှင့် စာချုပ် ခဲ့သည့်နောက် အာဆင်နယ် ပရိသတ်၏ မုန်းတီးမှုကို ခံခဲ့ရသည်။ ၎င်းသည် တနင်္ဂနွေနေ့က (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် မန်ယူနှင့် အတူ အမ်းမရိတ်စ်သို့ ပြန်ရောက်လာရာ ဘောလုံးထိတိုင်း ပရိသတ် လှောင်ပြောင် အော်ဟစ်မှုနှင့် ကြုံခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် တစ်ဂိုးစီ သွင်းယူသော ဗန်ပါစီနှင့် ဝဲလ်ကော့တ်တို့သည် ပွဲအပြီးတွင် ဂျာစီချင်း အမှတ်တရ လဲရန် သဘော တူညီခဲ့သော်လည်း အန်ဒရီ ဆန်းတို့စ်ကဲ့သို့ ပြဿနာမျိုး ဖြစ်မည်ကို စိုးရိမ်သဖြင့် ဥမင်ထဲတွင်မှ လဲဖြစ်ခဲ့ခြင်းဟု ဆိုသည်။



ဘရာဇီးလ် ဘယ်နောက်ခံလူ ဆန်းတို့စ်သည် အိုးလ်ထရက်ဖို့ဒ်တွင် ကစားသည့် ပွဲစဉ်၌ ပထမပိုင်း အပြီး ဥမင်ထဲ မဝင်မီ ဗန်ပါစီ၏ ဂျာစီကို တောင်းယူခဲ့သဖြင့် အာဆင်နယ် ပရိသတ်များ၏ အမျက်သိုခြင်းကို ခံခဲ့ရသည်။ ဝဲလ်ကော့တ်သည် ကာလရှည်ကြာ တွဲကစားဖူးသည့် အသင်းဖော်ဟောင်းနှင့် ဂျာစီလဲလိုသော်လည်း မလိုလားအပ်သော အခြေအနေကြောင့် ပွဲအပြီး ဥမင်ထဲဝင်ချိန်ထိ စောင့်ပြီးမှ ယခုလို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ဆန်းတို့စ်သည် ဆောင်းရာသီ ဈေးကွက်တွင် အာဆင်နယ်မှ အငှားထွက်ခွာသွားခဲ့ပြီး ယင်းသည် အိုးလ်ထရက်ဖို့ဒ်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့် ဆက်စပ်နိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေဆဲဖြစ်သည်။
REF>>> Daily Mail

0 comments:

Post a Comment